BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီဖျက်သိမ်းခံရပြီး...
သတင်းအတု

NLD ပါတီဖျက်သိမ်းခံရပြီး ဆက်နွယ်သူတွေ သေဒဏ်ပါ ပေးခံရနိုင်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှား

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲနီးကပ်လာချိန် နိုင်ငံရေးပါတီတွေအပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2020 5:22 PM IST
  • NLD ပါတီဖျက်သိမ်းခံရပြီး ဆက်နွယ်သူတွေ သေဒဏ်ပါ ပေးခံရနိုင်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီ ကို စွပ်စွဲခံထားရတဲ့ အချက်တွေ မှန်ကန်ပါက ဖျက်သိမ်းခံရရုံမက သေဒဏ်ပါ ပေးခံရနိုင်တယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံ့နှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားဟာ Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ပြီး သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ နေရာက စတင် ပျံ့နှံ့ခဲ့တာ ဖြစ်ပြီးတော့ နေရဲမာန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ပြန်တင်ထားပါတယ်။

    အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NLD ပါတီအား စွပ်စွဲထားသည့် အချက်များ မှန်ကန်ပါက ပါတီဖျက်ရုံမက သေဒဏ်ပါ စီရင်ခြင်း ခံရနိုင်သည်" လို့ ရေးသားထားပြီး အဲ့ဒီ သတင်းရဲ့ အတွင်းပိုင်းမှာ "Orchid Hotel ပိုင်ရှင် ဦးဌေးအောင်၏ တင်ပြသောအချက်များအရ နိုင်ငံခြား တိုင်းပြည် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ ငွေများကို တရားမဝင်ယူသည်ကို စစ်ဆေးတွေ့ရှိပါက NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းပြစ်ရုံမက ထိုသို့ ကျူးလွန်သူ၊ ကျူးလွန်ရာ၌ ပါဝင်သူ၊ ကျူးလွန်သည်ကို ကူညီအားပေးသူများသည်လည်း သေဒဏ်ကဲ့သို့ ကြီးလေးသော ပြစ်ဒဏ်များကို စီရင် ချမှတိခြင်း ခံရနိုင်သည်ဟု ဝါရင့်ရှေ့နေ တစ်ဦးက RFM သို့ ပြောကြားသည်…." လို့ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေကလည်း ထပ်ဆင့်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    Radio Free Myanmar တံဆိပ်နဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားမှာ ပါရှိတဲ့ NLD ပါတီက ဖျက်သိမ်းခံရပြီး သေဒဏ်ပါ စီရင်ခံရနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "ဒီတလော တွေ့ရတဲ့ သတင်းတွေကတော့ ဦးဌေးအောင်ရဲ့ စွတ်စွဲချက်၊ ဦးဌေးအောင်နဲ့ ပက်သက်တဲ့ အကြောင်းအရာ တွေပါပဲ။ အဲ့ဒါတွေကိုပဲ တရားမဝင်တဲ့ သတင်းဌာနအတုတွေရဲ့ ရေးသားချက်တွေ အများဆုံးတွေ့ရတာပေါ့လေ။ သူတို့ ပြောထားသလိုပဲ NLD က တာဝန်ရှိတဲ့သူတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိတဲ့သူတွေပဲ အဖမ်းခံ၇တော့မယ်၊ သေဒဏ်ပေးခံရတော့မယ်၊ ပါတီ ဖျက်သိမ်းခံရတော့မယ် ဒါမျိုးတွေပေါ့ အမျိုးမျိုး လှုံ့ဆော်နေကြတာပေါ့လေ။ ဒါတွေက တကယ်တမ်းပြောရလို့ရှိရင်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအမြစ်မရှိတဲ့ ဟာတွေပါပဲ။ NLD ပါတီက စစ်အာဏာရှင် လက်ထက်မှာတောင်မှ ကြံကြံခံပြီးတော့ ရပ်တည်လာခဲ့တဲ့ ပါတီ ဖြစ်တယ်။ အခုလို ကာလမျိုးမှာဆိုရင် ပိုပြီးတော့ လူထုထောက်ခံမှု ပိုရပြီးတော့၊ ပိုပြီးတော့ ရပ်တည်မှု ကောင်းကောင်းနဲ့ ဆက်သွားမယ့် ပါတီ ဖြစ်တယ်လို့ ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

    Radio Free Myanmar ရဲ့ ရေးသားဖြန့်ဝေမှုကို စစ်ဆေးကြည့်တဲ့အခါမှာ အချက်အလက် ခိုင်မှာမှု မရှိဘဲ ရေးသားဖြန့်ဝေထားတာကို တွေ့ရသလို စာလုံးပေါင်း သတ်မှတ် မှားယွင်းမှုတွေလည်း တွေ့ရပါတယ်။ အဆိုပါ Radio Free Myanmar ဟာ သတင်းဌာန အဆောင်ဆောင်ပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှား ပေါင်းများစွာ ဖြန့်ဝေနေပြီး ၎င်းတို့ရဲ့ ရေးသားမှုကို ဖေ့စ်ဘွတ်အကောင့်ပုန်းတွေနဲ့ ထပ်ဆင့်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    fake newsthe NLDsentenced to deathNLD ပါတီဖျက်သိမ်းခံသေဒဏ်ပေးခံရနိုင်သတင်းအမှား
    Read Full Article
    Claim :   Radio Free Myanmar ဆိုတဲ့ တံဆိပ်နဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားမှာ ပါရှိတဲ့ NLD ပါတီက ဖျက်သိမ်းခံရပြီး သေဒဏ်ပါ စီရင်ခံရနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!