BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မုဒုံမှာ NLD နဲ့ ကော်မရှင်...
သတင်းအတု

မုဒုံမှာ NLD နဲ့ ကော်မရှင် ပေါင်းပြီး မဲခိုးတယ်ဆိုတဲ့ သတင်းအမှား

မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ်မှာ NLD နဲ့ ရွေးကောက်ပွဲ ကော်မရှင် ပူးပေါင်းပြီး မဲခိုးလို့ NLD အနိုင်ရတဲ့ နေရာတွေ ပယ်ဖျက်လိုက်တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  11 Nov 2020 2:45 PM IST
  • မုဒုံမှာ NLD နဲ့ ကော်မရှင် ပေါင်းပြီး မဲခိုးတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Myanmar American News ဆိုတဲ့ ဖေ့စ်ဘွတ် Page က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Myanmar American News ဆိုတဲ့စာမျက်နှာဟာ သတင်းအမှားတွေ ၊ အချက်အလက်မခိုင်လုံတဲ့အကြောင်းအရာတွေကို အမြဲတစေဖြန့်ဝေနေတဲ့ ဂိုရှယ်လေးဆိုသူကိုင်တွယ်တဲ့ ပေ့ချ်ဖြစ်ပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ "မွန်ပြည်နယ် မုဒုံမြို့နယ်တွင် NLD နှင့် ကော်မရှင် ပူးပေါင်း၍ မဲခိုးမှု့ ၄၀၀၀၀ကျော်တွေ့ရှိ၍ NLD အနိုင်ရမှု ၅ နေရာ ပယ်ဖျက်လိုက်ပါတယ်" လို့ ရေးသားထားပြီး သတင်းရဲ့ အောက်မှာ စာသားတွေကို JPEG ဖိုင် အဖြစ်ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ပုံ တင်ထားပါတယ်။ အဲ့ဒီပုံထဲမှာ ရေးသားထားတဲ့ စာတွေက "မွန်ပြည်နယ် မုဒုံမြို့နယ်တွင် NLD နှင့် ကော်မရှင် ပူးပေါင်း၍ မဲခိုးမှု့ ၄၀၀၀၀ ကျော် တွေ့ရှိ၍ NLD အနိုင်ရမှု ၅ နေရာ ပယ်ဖျက် လိုက်ပါတယ်" လို့ ရေးသားကာ သတင်းရဲ့ အောက်ဆုံးမှာ "မြန်မာအမေရိကန် သတင်းဌာန" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Myanmar American News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထပ်ဆင့်ဝေမျှသူ ၄၀၀၀ ကျော်ရှိခဲ့ပြီး Like လုပ်ထားသူ ၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ အဆိုပါ ပေ့ချ်ဟာ ရွေးကောက်ပွဲ ကာလတစ်လျှောက် သတင်းအမှားပေါင်းများစွာ ဖြန့်ဝေခဲ့တဲ့ Page တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အဲ့ဒီပေ့ချ်ဟာ Facebook ပေါ်မှာ မတွေ့ရတော့တဲ့ အတွက် ဖယ်ရှားခြင်း ခံလိုက်ရပြီလို့ ယူဆရပါတယ်။

    အဲ့ဒီ ပေ့ချ်ဟာ Facebook ပေါ်မှာ မရှိတော့ပေမယ့် ၎င်းတို့ဆီကနေ ပြန်လည် ကူးယူဖော်ပြသူပေါင်းများစွာ ရှိခဲ့ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    မွန်ပြည်နယ် မုဒုံမြို့မှာ NLD ပါတီ က ကော်မရှင်နဲ့ ပေါင်းပြီးမဲခိုးခဲ့တဲ့ အတွက် အနိုင်ရထားတဲ့ ၅ နေရာလုံး ပယ်ဖျက်လိုက်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ မုဒုံမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် (၁) မှာ အနိုင်ရရှိထားတဲ့ NLD ပါတီက ဒေါ်ခင်ကျော့ဖြူ ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ အတည်ပြုပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ သတင်းအမှားတွေတင်လေ့ရှိတဲ့ Anug Naing Htwe ခေါ် ဂိုရှယ်လေး ဆိုသူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်ပြီး ၎င်းဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ကာ Facebook ပေါ်က တခြားသူတွေ တင်ထားတဲ့ အကြောင်းအရာတွေကို မီငြမ်းပြီး သတင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ၎င်းရဲ့ သတင်းတွေဟာ မြေပြင်အခြေအနေတွေနဲ့ မကြာခဏ လွဲမှားနေလေ့ရှိပါတယ်။

    အခု ၎င်းရေးသားထားတဲ့ အထဲမှာ မုဒုံက NLD အနိုင်ရထားတဲ့ (၅) နေရာလို့ ရေးသားထားပေမယ့် တကယ်တမ်းမှာ မဲဆန္ဒနယ်ဟာ (၄) နေရာပဲရှိပါတယ်။ အဲ့ဒီ (၄) နေရာမှာ မွန်ညီညွတ်ရေးပါတီ (MUP) က သုံးနေရာ အနိုင်ရရှိထားပြီး NLD ပါတီက ဒေါ်ခင်ကျော့ဖြူ က မဲအရေအတွက် (၈၄၀၀) ကျော်အကွာနဲ့ ပြည်နယ်လွှတ်တော် (၁) မှာ အနိုင်ရရှိထားပါတယ်။

    NLD ပါတီက မုဒုံမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူက "မဟုတ်ဘူးရှင့်။ မုဒုံမှာရှိတာကလေးနေရာထဲပါ။ မွန်ပါတီက၃နေရာနိုင်ပါတယ်။ NLD ပါတီက ပြည်နယ် (၁) တစ်နေရာ နိုင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး တွဲဘက်အတွင်းရေးမှူး နိုင်အောင်မွန် က ဒီသတင်းအမှား အကြောင်းအရာနဲ့ ပတ်သက်လို့ "မြို့နယ်အရ တွက်ရင်တော့ (၄) နေရာပဲ ရှိတာလေ။ တိုင်းရင်းသားတွေပါ ခွဲရင်တော့ လေး အပေါင်း သုံးပေါ့။ ပအို့တို့၊ ကရင်တို့၊ ဗမာတို့ ခွဲလိုက်ရင်တော့ (၇) နေရာ ဖြစ်သွားမှာလေ။ နေရာ ရေးတာကအစ မှားနေတာပေါ့နော်" လို့ ပြောပါတယ်။

    NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က "ကျွန်တော်တို့ အဲ့ဒီအစီရင်ခံစာ ဘာမှ မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ သေချာတာကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေက ဒီလောက်အထိ ကော်မရှင်နဲ့ ပေါင်းပြီး လုပ်တယ်ဆိုရင်တော့ ဒါလုံးဝ ယုတ္တိမရှိပါဘူး။ သူရရှိတဲ့ အချက်အလက် အရထုတ်ပြန်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ သို့သော်လည်း အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို လုပ်ဖို့အတွက် ဒါဟာ အထောက်အထား တစ်ခုအနေနဲ့ ကြိုးစားနေတယ် ဆိုရင်တော့ ဒါဟာ မဲပေးခဲ့တဲ့ ပြည်သူတွေကို စော်ကားရာ ကျပါလိမ့်မယ် လို့ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။



    Tags

    မုဒုံNLDကော်မရှင်UECမဲခိုးသတင်းအမှားFake newsMudonMon StateElection Myanmar 2020
    Read Full Article
    Claim :   မွန်ပြည်နယ် မုဒုံမြို့မှာ NLD ပါတီ က ကော်မရှင်နဲ့ ပေါင်းပြီးမဲခိုးခဲ့တဲ့အတွက် အနိုင်ရထားတဲ့ ၅ နေရာလုံး ပယ်ဖျက်လိုက်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က မုဒုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် (၁) မှာ အနိုင်ရရှိထားတဲ့ NLD ပါတီက ဒေါ်ခင်ကျော့ဖြူ ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!