BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အစိုးရ ပြည်တွင်း...
သတင်းအတု

NUG အစိုးရ ပြည်တွင်း ဝင်ခွင့်ရပြီဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ မြန်မာပြည်တွင်း ဝင်ခွင့်ရပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Nov 2022 8:56 PM IST
  • NUG အစိုးရ ပြည်တွင်း ဝင်ခွင့်ရပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို တော်လှန်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားဖြန့်ဝေရာမှာ ၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံမှာ NUG အစိုးရအကြောင်း သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပြီး ဓါတ်ပုံအပေါ်မှာ " ထူးရှယ်သတင်း၊ NUG မြန်မာပြည်တွင်း ဝင်ခွင့်ရပြီ ပြည်သူတွေ အောင်ပွဲခံဖို့ ပြင်ဆင်ဖို့ တိုက်တွန်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားပြီး ၎င်း Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "ပျော်ကြတော့ NUG အစိုးရအဖွဲ့ မြန်မာပြည်တွင်း ဝင်တော့မယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ video ကို Like လုပ်ထားသူ ၂၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ခန့်ရှိကာ ဝင်ရောက်ကြည့်ရှု့သူ ၈၆၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ မြန်မာပြည်တွင်း ဝင်ခွင့်ရပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ သတင်းအမှားဟာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာဖြစ်ပြီး NUG အစိုးရ အနေနဲ့ မြန်မာပြည်တွင်း တရားဝင် ဝင်ခွင့် ရထားခြင်း မရှိသလို စစ်ကောင်စီတပ်တွေက NUG နဲ့ ပတ်သက်ဆက်နွယ်တဲ့အင်အားစုတွေကို ဖမ်းဆီးနှိပ်ကွပ်တာတွေအင်နဲ့အားနဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ တဖက်မှာလည်း NUG အနေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တစ်ချို့ဒေသတွေကို ထိန်းချုပ်ကာ ရုံးစိုက်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာ NUG အစိုးရအနေနဲ့ မြန်မာပြည်တွင်း ဝင်ခွင့်ရပြီဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားဖြန့်ဝေခဲ့ပေမယ့် Video ထဲမှာတော့ ကြံခိုင်ရေးတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခင်ရီ က စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာမှုကို ဟန့်တားဖို့ စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းကို လှုံ့ဆော်ဟောပြောနေတဲ့ အကြောင်းကိုသာ ဖော်ပြထားတာဖြစ်ပါတယ်။ NUG အစိုးရ ပြည်ဝင်ခွင့်ရပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူ အရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းအမျိုးသားညီညွတ်ရေးအစိုးရ
    Read Full Article
    Claim :   NUG အစိုးရ မြန်မာပြည်တွင်း ဝင်ခွင့်ရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!