BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗဟိုဘဏ် ပိတ်သိမ်းခံရတယ်ဆိုတဲ့...
သတင်းအတု

ဗဟိုဘဏ် ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

ဗဟိုဘဏ် ပိတ်သိမ်းခံရလို့ စစ်ကောင်စီက ဒုက္ခရောက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Jun 2023 8:29 PM IST
  • ဗဟိုဘဏ် ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Real News Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံ၊ ဗဟိုဘဏ်ပုံတစ်ပုံနဲ့ သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ သတင်း၊ အထူးသတင်းကြီး ကြေညာပြီ။ ဗဟိုဘဏ် ပိတ်သိမ်းခံရ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “စစ်အုပ်စု ထိန်းမရသိမ်းမရငါးပါးမှောက်ပြီ ဗဟိုဘဏ်ပိတ်သိမ်းခံရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေ့ချ် ၃ ခုနဲ့ YouTube ချန်နယ် တစ်ခုမှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးဌာနက စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီလို ပိတ်ဆို့ အရေးယူမှုကြောင့် ပြည်တွင်းမှာ ဒေါ်လာစျေး ရွှေစျေး အနည်းငယ် မြင့်တက်ခဲ့ပြီး စစ်ကောင်စီအတွက် အကြပ်ရိုက်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။ နိုင်ငံခြား ကုန်သွယ်မှု ပြုလုပ်တဲ့ ဘဏ် ၂ ခုကို ပိတ်ဆို့အရေးယူတာဖြစ်ပြီး မည်သည့်ဘဏ်မှ ပိတ်သိမ်းခြင်း မရှိသလို ဗဟိုဘဏ်လည်း ပိတ်သိမ်းခံရခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့က လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေ၊ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    Tags

    Fake newsMilitaryCoupUS SanctionsCentral bank of Myanmarclosed downသတင်းအတုစစ်ကောင်စီဗဟိုဘဏ်ပိတ်သိမ်းခံရ
    Read Full Article
    Claim :   ဗဟိုဘဏ် ပိတ်သိမ်းခံရ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!