BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ...
သတင်းအတု

NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ ရှာဖွေနေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးက ပြောတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ ရှာဖွေနေပြီလို့ စစ်ကောင်စီပြန်ကြားရေးက ပြောဆိုထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Jan 2023 6:18 PM IST
  • NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ ရှာဖွေနေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးက ပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို The News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီ ပြန်ကြားရေးက ဇော်မင်းထွန်းရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “၂၉ ရက်နေ့ NUG နဲ့ အဆင်ပြေမယ့် နည်းလမ်း တပ်မတော်က ရှာနေပြီဟု ဇော်မင်းထွန်းပြော။ အစိုးရမှန်ရင် ကုလနဲ့ မပေါင်းရန်တိုက်တွန်း” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို The News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အပြင် တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ ရှာဖွေနေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးက ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းစဉ်ကာလကနေ အခုချိန်ထိ NUG နဲ့ ပတ်သက်သူတွေ ထောက်ခံသူတွေကို ဖမ်းဆီးထောင်ချတာ၊ ရိုက်နှက် စစ်ဆေးတာတွေ ပြုလုပ်နေဆဲဖြစ်ပြီး NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းရှာဖွေနေခြင်းလည်း မရှိသလို ထုတ်ဖော်ပြောဆိုထားခြင်းလည်း မရှိပါဘူး။

    သတင်းအမှားဖြန့်သူတွေက NUG နဲ့ အဆင်ပြေမယ့် နည်းလမ်းတွေ စစ်ကောင်စီတပ်တွေက ရှာဖွေနေတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ CDM ပြုလုပ်ထားတဲ့ တပ်အရာရှိတစ်ဦးက အာဏာမသိမ်းခင်ထဲက တပ်အတွင်း ပျက်နေတဲ့အကြောင်း ပြောကြားထားတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်၊ နောက်ခံဓါတ်ပုံတွေမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားက ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupJuntaClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းNUG
    Read Full Article
    Claim :   NUG နဲ့ အဆင်ပြေမယ့် နည်းလမ်း တပ်မတော်က ရှာနေပြီဟု ဇော်မင်းထွန်းပြော
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!