BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဥပဒေ ရှောင်ချင်သူတွေအတွက်...
သတင်းအတု

စစ်မှုထမ်းဥပဒေ ရှောင်ချင်သူတွေအတွက် ပေါက်စျေး ထွက်လာပြီဆိုတဲ့သတင်းအတု

စစ်မှုထမ်း ဥပဒေကို ရှောင်ချင်သူတွေအတွက် ငွေကြေးနဲ့ ညှိနိုင်းလို့ရမယ့် စျေးနှုန်းထွက်ပေါ်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Feb 2024 9:14 PM IST
  • စစ်မှုထမ်းဥပဒေ ရှောင်ချင်သူတွေအတွက် ပေါက်စျေး ထွက်လာပြီဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအတုကို Ye Min Khaung ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ ဖေ့စ်ဘွတ် Group တွေထဲ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ “စစ်မှုထမ်း ရှောင်ချင်တဲ့သူတွေအတွက် ပေါက်စျေး ထွက်လာပါပြီ” လို့ ရေးသားကာ Comment ကို ဝင်ရောက်ကြည့်ရှု့ဖို့ ပြထားပါတယ်။ Comment နေရာမှာတော့ “အမှားခြစ်လေးတွေကို နှိပ်ဖျောက်ပြီး ကြည့်ပါ” လို့ ရေးသားကာ link ၂ ခုကို ချပေးထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၁၀၀ ခန့်ရှိကာ ဝင်ရောက်ကြည့်ရှုထားသူများစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်မှုထမ်း ဥပဒေကို ရှောင်ချင်သူတွေအတွက် ငွေကြေးနဲ့ ညှိနိုင်းလို့ရမယ့် စျေးနှုန်းထွက်ပေါ်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုကြားမှာ လှုပ်ခတ်မှု များခဲ့ပြီး နိုင်ငံခြားကို အမြန်ထွက်ခွာနိုင်ဖို့ ကြိုးပမ်းသူတွေ ပိုမိုများပြားလာနေပါတယ်။ ဒါပေမယ့် ဒီဥပဒေကို စတင်အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဘက်က အဖွဲ့ဖွဲ့စည်းနေဆဲသာဖြစ်ပြီး စတင်ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။

    ဒါ့အပြင် ဒီဥပဒေကို ရှောင်လွဲဖို့ ငွေကြေးနဲ့ ညှိနှိုင်းလို့လည်း မရသေးသလို ပေါက်စျေးတစ်စုံတစ်ရာ ထွက်ပေါ်ခြင်းလည်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူက ၎င်းရဲ့ သတင်း Link ကို ဝင်ကြည့်သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ link အတွင်းမှာလည်း ၎င်းရဲ့ ခေါင်းစဉ်မှာ ရေးသားထားသလို မပါဝင်ပါဘူး။ Website အတွင်းမှာ တစ်ခြားအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် ခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsmilitary service lawCoupNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   စစ်မှုထမ်း ရှောင်ချင်တဲ့သူတွေအတွက် ပေါက်စျေး ထွက်လာပါပြီ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!