BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သီတင်းကျွတ်မှာ စစ်ကောင်စီက...
သတင်းအတု

သီတင်းကျွတ်မှာ စစ်ကောင်စီက နိုင်ကျဉ်း ၃၅၀၀ လွတ်ပေးတယ်ဆိုတဲ့ သတင်းအတု

သီတင်းကျွတ်ကာလမှာ စစ်ကောင်စီက နိုင်ကျဉ်း ၃၅၀၀ ကို လွတ်ပေးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2024 9:10 PM IST
  • သီတင်းကျွတ်မှာ စစ်ကောင်စီက နိုင်ကျဉ်း ၃၅၀၀ လွတ်ပေးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံရယ်၊ အင်းစိန်ထောင်ဘူးဝရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “သီတင်းကျွတ်အမီ အထိမ်းအမှတ်အနေနဲ့ နိုင်ကျဉ်း (၃၅၀၀) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း မင်းအောင်လှိုင် ကမ္ဘာသိ ထုတ်ပြန်ကြေညာပြီ”” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သီတင်းကျွတ်ကာလမှာ စစ်ကောင်စီက နိုင်ကျဉ်း ၃၅၀၀ ကို လွတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီခေါင်းဆောင်က မည်သည့်နိုင်ကျဉ်းကိုမှ လွတ်ပေးခြင်း မရှိပါဘူး။ လွတ်ပေးခြင်း မရှိတဲ့အပြင် ရန်ကုန်မှာလည်း လူငယ်ပေါင်းများစွာကို ဖမ်းဆီနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCouppolitical prisonersReleaseသတင်းအတုစစ်ကောင်စီနိုင်ကျဉ်း
    Read Full Article
    Claim :   သီတင်းကျွတ်မှာ စစ်ကောင်စီက နိုင်ကျဉ်း ၃၅၀၀ လွတ်ပေး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!