BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ခေါင်းဆောင် စီးလာတဲ့...
      သတင်းအတု

      စစ်ခေါင်းဆောင် စီးလာတဲ့ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

      အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် စီးနင်းလိုက်ပါလာတဲ့ ရဟက်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  24 Feb 2023 10:15 AM IST
    • စစ်ခေါင်းဆောင် စီးလာတဲ့ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို War War Oo ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာ ၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံတွေပေါ်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “မအလ စီးလာတဲ့ ရဟတ်ယဉ် ပစ်ချခံရ။ တစ်နိုင်ငံလုံး အောင်ပွဲခံနေပြီ” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၇ ထောင်ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေ YouTube အကောင့်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်စီးနင်းလိုက်ပါလာတဲ့ ရဟက်ယဉ် ပစ်ချခံရတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      စစ်ကောင်စီခေါင်းဆောင် စီးနင်းလာတဲ့ ရဟက်ယာဉ်ဟာ ပစ်ချခံရခြင်း မရှိသလို 'ဒီလိုအဖြစ်အပျက်မျိုးနဲ့ပတ်သက်တဲ့ ဆက်စပ်တဲ့ သတင်းတစ်ပုဒ်တလေမျှတောင် ဒီကာလထဲဖြစ်ပွာဒထားခြင်းမရှိပါဘူး။

      သတင်းအမှားရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီခေါင်းဆောင် လိုက်ပါလာတဲ့ ရဟက်ယာဉ်ပစ်ချခံရတယ်လို့ ဆိုထားပေမယ့် သတင်းအမှားအတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ ဗီဒီယိုထဲမှာ စစ်ကောင်စီတပ်တွေထဲမှာ ရှေ့တန်းထွက်တဲ့ စစ်သားဦးရေ နည်းပါလာတယ်ဆိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitary CoupNUGPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   စစ်ကောင်စီ ခေါင်းဆောင်စီးလာတဲ့ ရဟက်ယာဉ်ပစ်ချခံရ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!