BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UN အစည်းအဝေးမှာ စစ်ကောင်စီကို...
သတင်းအတု

UN အစည်းအဝေးမှာ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် မဲခွဲဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအတု

စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ UN အစည်းအဝေးမှာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံအတည်ပြုခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Sept 2022 7:39 PM IST
  • UN အစည်းအဝေးမှာ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် မဲခွဲဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို နေမျိုးအောင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီ ၂၆ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "(13.9.22) စက်တင်ဘာ.၁၂.ရက်နေ့UN နိုင်ငံတကာအစည်းအဝေးကုလသမ္မဂ္ဂမှာ နစက အစိုးရဖြစ်ကြောင်းမဲခွဲဆုံးဖြတ်ကြရာ (119) နိုင်ငံကထောက်ခံမှု့ရရှိ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ကုလသမဂ္ဂအနုမြူစွမ်းအင် အေဂျင်စီ အစည်းအဝေးသို့တက်ရောက်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ များစွာရှိကာ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    UN အစည်းအဝေးမှာ မဲခွဲဆုံးပြီးနောက် နိုင်ငံပေါင်း ၁၁၉ နိုင်ငံက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အတည်ပြုခဲ့တယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို ဒီရက်ပိုင်းထဲမှာ ကျင်းပနေပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေပြီး စက်တက်ဘာလ ၂၀ ရက်နေ့ကနေ စတင်ပြီး ၂၆ ရက်နေ့အထိ နိုင်ငံခေါင်းဆောင်တွေ တက်ရောက် စကားပြောကြားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ အမေရိကန် သမ္မတ စကားပြောကြားမှာဖြစ်ပြီး UN က ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၆ ရက်နေ့မှာ မြန်မာကိုယ်စားလှယ်က စကားပြောရမှာ ဖြစ်ပါတယ်။ လက်ရှိ UN ရဲ့ မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းဟာ ပြီးခဲ့တဲ့နှစ်ကတော့ ဒီညီလာခံမှာ စကားပြောခွင့် မရခဲ့ပါဘူး။ ဒီနှစ် ပြောဆိုခွင့်ရဖို့ကို အမေရိကန်ရောက် မြန်မာတွေက UN ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒီညီလာခံမှာပဲ ဦးကျော်မိုးထွန်းကို တရားဝင် အသိအမှတ်ပြုဖို့ ပြည်တွင်းပြည်ပက ထောက်ခံသူတွေက ဝိုင်းဝန်းတောင်းဆိုနေဆဲသာ ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ ဖြန့်ထားသလို စစ်ကောင်စီကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံအတည်ပြုထားတယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာအရေးကို ဆုံးဖြတ်ချက် ချထားခြင်း မရှိသေးပါဘူး။

    ကုလသမဂ္ဂအထွေထွေ ညီလာခံအကြောင်း သတင်းတွေကို ဒီနေရာနဲ့ ဒီနေရာမှာ ဖတ်ပါ။

    သတင်းဖြန့်သူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ တင်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMyanmarmilitaryJuntaCoupvotedofficial governmentUNသတင်းအတုစစ်ကောင်စီမဲခွဲဆုံးဖြတ်
    Read Full Article
    Claim :   UN အစည်းအဝေးမှာ စစ်ကောင်စီကို အစိုးရအဖြစ် မဲခွဲဆုံးဖြတ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!