BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၁၀၅ မိုင် စခန်းကုန်းကို စစ်တပ်က...
သတင်းအတု

၁၀၅ မိုင် စခန်းကုန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအတု

မူဆယ် ၁၀၅ မိုင် စခန်းကုန်းပေါ် AA က ဓါတ်ပုံရိုက်ပြီး မကြာခင် စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Dec 2023 6:41 PM IST
  • ၁၀၅ မိုင် စခန်းကုန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ ဝါဒဖြန့် အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာ ဖြစ်ပြီး “ရမခ ၁၀၅ မိုင်ကုန်းအားပြန်လည် ထိမ်းချုပ်နိုင်ပါပြီ” လို့ အစချီရေးသားထားပါတယ်။ ဒီသတင်းအမှားထဲမှာ AA က ၁၀၅ မိုင် ကုန်းပေါ် အပြေးအလွှား ဓါတ်ပုံတက်ရိုက်ချိန်မှာ ပေါင် ၅၀၀၊ ပေါင် ၁၀၀၀ ဗုံးတွေနဲ့ လေယာဉ်ပေါ်က ကြဲချပြီး ပြန်လည်သိမ်းပိုက်ခဲ့ကြကြောင်း၊ ၎င်း စခန်းကုန်းပေါ်မှာ AA ၊ TNLA ၊ PDF ၊ BPLA တို့ရဲ့ အလောင်း ၂၅၀ ခန့် ရရှိခဲ့ပြီး ဒရုန်း ၂၃ စင်းနဲ့ လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေထားသလို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ထပ်ဆင့်ဝေမျှခြင်း၊ ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မူဆယ် ၁၀၅ မိုင် စခန်းကုန်းပေါ် AA က ဓါတ်ပုံရိုက်ပြီး မကြာခင် စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စခန်းကုန်း သိမ်းခံရပြီးနောက် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ ကြိုးစားကာ စစ်ရဟက်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခဲ့ခတ်ပေမယ့် ၁၀၅ မိုင် စခန်းကုန်းကို လက်ရှိအချိန်ထိ ညီနောင် မဟာမိတ်တပ်တွေ ထိန်းချုပ်ထားဆဲ ဖြစ်ပြီး စစ်တပ်က ပြန်လည်ရယူနိုင်ခြင်း မရှိသလို ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ တပ်စခန်းတွေ ထပ်မံသိမ်းပိုက်ခံနေရဆဲ ဖြစ်ပါတယ်။

    ညီနောင် မဟာမိတ်တပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဗျူဟာစခန်းကုန်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ထဲက ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၄ ရက်နေ့က စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ “သာလီစွပါ ၁၀၅ မိုင်” လို့ ရေးသားကာ အဆိုပါ စခန်းကုန်းပေါ်မှာ သိမ်းဆည်းရမိထားတဲ့ တင့်ကား ၂ စီးနဲ့ AA အလံ လွှင့်ထူထားတဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။ AA စစ်ဦးစီးချုပ် တင်ထားတဲ့ Twitter ပေါ်တင်ထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်သူတွေဟာ AA စစ်ဦးစီးချုပ် တင်ထားတဲ့ ဓါတ်ပုံတွေကို ယူပြီး သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCampRegainControlNorthern AllianceAAသတင်းအတုညီနောင် မဟာမိတ်စစ်ကောင်စီTNLA
    Read Full Article
    Claim :   ရမခ ၁၀၅ မိုင်ကုန်းအားပြန်လည် ထိမ်းချုပ်နိုင်ပါပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!