BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မန္တလေးမှာ ရွှေဆိုင် ၁၀၀ ကျော်...
      သတင်းအတု

      မန္တလေးမှာ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

      မန္တလေးမြို့မှာ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတယ် ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  22 Jun 2023 2:03 PM IST
    • မန္တလေးမှာ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Funny Viral ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ ရွှေဆိုင်တွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “June 17, 2023 မန္တလေးမြို့ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရ၊ မအလ ဝန်ခံပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ အဆိုပါ ရေးသားမှုအတိုင်း မန္တလေးက ရွှေဆိုင် ၁၀၀ ကျော် ပိတ်ခံရကြောင်း ထပ်မံ ဖော်ပြထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      မန္တလေးမြို့က ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      မန္တလေးမြို့မှာ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတဲ့ ဖြစ်စဉ် မရှိပါဘူး။ ရွှေစျေး တစ်ရိပ်ရိပ် တက်လာတဲ့အတွက် စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေက မန္တလေးမြို့က ရွှေလုပ်ငန်းရှင် ၁၂ ဦးကို ဇွန်လ ၁၅ ရက်နေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ မန္တလေးက ရွှေလုပ်ငန်းရှင် ၁၂ ဦး ခေါ်ယူစစ်ဆေးခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


      သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရတဲ့ သတင်းမပါဝင်ပါဘူး။ ရွှေလုပ်ငန်းရှင် ၁၂ ဦး ခေါ်ယူစစ်ဆေးခံရတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsmilitaryCoupgold shopsClickbaitsသတင်းအတုရွှေစျေးနှုန်း
      Read Full Article
      Claim :   မန္တလေးမြို့ ရွှေဆိုင် ၁၀၀ ကျော် ပိတ်သိမ်းခံရ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!