BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီက NUG ၊ KIA တို့နဲ့...
သတင်းအတု

စစ်ကောင်စီက NUG ၊ KIA တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ် ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီက NUG အပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO, KIA တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Oct 2023 10:33 PM IST
  • စစ်ကောင်စီက NUG ၊ KIA တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၆ ရက်နေ့ အရှုံးပေး ဒူးထောက်ပြီဟေ့။ NUG, KIO, KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အကြမ်းဖမ် မင်းအောင်လှိုင် ရှုံးမဲမဲ ဝန်ခံပြောဆို။ အာဏာပြန်လွှဲပေးတော့မယ်ဟု ကြေညာ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၄၇၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဏာသိမ်းစစ်ကောင်စီက NUG အပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO, KIA တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေက KIA တပ်တွေဟာ နေရာအများစုများ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီနဲ့ NUG ဟာလည်း ရန်ဘက်အဖြစ်သာ တည်ရှိနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ငြိမ်းချမ်းရေးညှိနှိုင်းဖို့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupnegotiatePeaceစစ်ကောင်စီအာဏာသိမ်းငြိမ်းချမ်းရေး
    Read Full Article
    Claim :   အာဏာသိမ်းစစ်ကောင်စီက NUG အပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO, KIA တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!