BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အသက် ၁၈ နှစ်အထက်ရှိသူတွေ...
သတင်းအတု

အသက် ၁၈ နှစ်အထက်ရှိသူတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီက ကြေညာတယ်ဆိုတဲ့ သတင်းအတု

အသက် ၁၈ နှစ်အထက်တွေ အကုန်လုံးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Jun 2023 5:33 PM IST
  • အသက် ၁၈ နှစ်အထက်ရှိသူတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီက ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို GOPY 5 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ နာရီကျော် ကြာမြင့်တဲ့ Live Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video အပေါ်မှာ “မအလ အမိန့်ဆိုးကြီးကြေညာပြီ ၁၈နှစ်အထက် အကုန် စစ်မှူထမ်းခိုင်းပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီသတင်းဟာ စစ်ကောင်စီက အအာဏာသိမ်းပြီးနောက်ပိုင်း ပြောဆိုထားတဲ့ သတင်းတချို့ကို အခြေခံပြီး လက်လွတ်စံပယ် ဖြန့်ဝေရေးသားထားတဲ့ အကြောင်းအရာသက်သက်သာဖြစ်ပါတယ်။ ဒီလိုစစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သက်တဲ့ ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက စစ်ကောင်စီက ခေါင်းဆောင်က ဥပဒေပြဌာန်းဖို့လေသံပစ်ခဲ့တာမျိုးရှိပေမယ့် နောက်ဆက်တွဲလုပ်ဆောင်ချက်တွေ တော့လက်ရှိအချိန်အထိပေါ်ထွက်လာခြင်းမရှိသေးပါဘူး။

    အလားတူပဲ ဘယ်အသက်အရွယ်အပိုင်းအခြားတွေပါဝင်မယ် ဘယ်အသက်အရွယ်အပိုင်းအခြားတွေတော့ ကင်းလွတ်မယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပြောဆိုခဲ့ခြင်းမရှိသလို ဒါနဲ့ပတ်သက်လို့ စိတ်ကူးပြောဆိုဆဲအဆင့်မှာသာရှိနေဆဲဖြစ်ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီခေါင်းဆောင်က စတင်ပြောဆိုထားတဲ့သတင်းကို BBC Burmese မှာဖော်ပြဖူးပါတယ်။ အဲ့ဒီသတင်းမှာပါတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုထားတဲ့ ပြောစကားကောက်နှုတ်ချက်မှာ အခုလိုပါဝင်ပါတယ်။

    “ကာကွယ်ရေးစနစ်ကို နောင် ကျွန်တော်တို့သွားရမယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ကျွန်တော်တို့လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့မျက်နှာငယ်ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေကျွန်တော်တို့ကို ပြသနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်။ ကျွန်တော်တို့တွေစော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာမဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို ဒီနှစ်မှာ ကျွန်တော်တို့က တတ်နိုင်သလောက်ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်"လို့ စစ်ကောင်စီ ခေါင်းဆောင်က ၂၀၂၂ ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာတစ်ခုမှာပြောခဲ့တာဖြစ်ပါတယ်။

    bbc က ဖေါ်ပြဖူးတဲ့သတင်းကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီကာလကပြောခဲ့တဲ့ စကားကိုကြည့်ရင် နိုင်ငံသားတိုင်းစစ်မှုထမ်းတဲ့စနစ်ကိုသူကိုယ်တိုင် အသက်သွင်းလိုတဲ့ ဆန္ဒရှိနေပေမယ့် ဒါနဲ့ပတ်သက်ပြီးအကောင်းအထည်ဖေါ်ဖို့လက်ရှိအခြေအနေအရ ခက်ခဲနေသလို ဒီပြောကြားချက်ထဲမှာ ဥပဒေပြုဖို့နဲ့ အကောင်အထည်ဖို့ကလည်းအချိန်.ယူရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ အခုဖြန့်နေတဲ့ သတင်းတုတွေမှာရည်ညွှန်းသလို ဘယ်အသက်အရွယ်က ပါဝင်ရမယ် ဘယ်အသက်အရွယ်က ကင်းလွတ်ခွင့်ရမယ်ဆိုတဲ့အခြေအနေတွေဟာ ဥပဒေပြဌာန်းပြီးနောက်ပိုင်းမှသာဖြစ်လာမယ့်ကိစ္စမျိုးဖြစ်ပါတယ်။

    အခုသတင်းအမှားကိုဖြန့်ဝေတဲ့ဖေ့စ်ဘွတ်ပေ့ချ်ဟာ ပြီးခဲ့တဲ့မေလကမှာစတင်ဖွင့်လှစ်ထားတဲ့ပေ့ချ်ဖြစ်ပြီးမူလက အိမ်ခြံမြေဝန်ဆောင်မှု ပေ့ချ်အနေနဲ့စစတင်ခဲ့ပေမယ့်လက်ရှိကာလမှာ အခုဖြန့်ဝေတဲ့ သတင်းတုလိုသတင်းတွေကို ဆက်တိုက်ဖြန့်ဝေလာနေတာဖြစ်ပါတယ်။


    Tags

    Fake newsMilitaryCoupserve in the militaryNUGPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မအလ အမိန့်ဆိုးကြီးကြေညာပြီ ၁၈နှစ်အထက် အကုန် စစ်မှူထမ်းခိုင်းပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!