BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တစ်နိုင်ငံလုံး အပစ်ရပ်ဖို့...
သတင်းအတု

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ စစ်ကောင်စီ ကြေညာတယ်ဆိုတဲ့ သတင်းအတု

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ စစ်ကောင်စီ ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 Nov 2023 4:01 PM IST
  • တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ စစ်ကောင်စီ ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ပြန်ကြားရေးက ဗိုလ်ချုပ် ဇော်မင်းထွန်း ဓါတ်ပုံရယ်၊ လက်နက်ကိုင်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “လေသံပစ်ပြီ။ စစ်ရှုံးကြောင်း ကြေညာ၊ တစ်နိုင်ငံလုံး ၃ လ အပစ်ရပ်ဟု MRTV မှာ ကြေညာသွားပါတယ်။” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၂၁၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ စစ်ကောင်စီ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ နိုင်ငံအနှံ့ တိုက်ခိုက်ခံရကာ အထိနာနေပါတယ်။ စစ်ကောင်စီ နဲ့ အပစ်ရပ် သဘောတူထားတဲ့ ရခိုင်ပြည်နယ်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေပါတယ်။ အပစ်ရပ်ဖို့ ကြေညာခြင်းတော့ လုံးဝ မရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ရခိုင်ဒေသ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲ ဗိုလ်မှူးအဆင့်ထိ ပါဝင်တယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGPDFrevolutionClickbaitsစစ်ကောင်စီအာဏာသိမ်းသတင်းအတုceasefire
    Read Full Article
    Claim :   စစ်ရှုံးကြောင်း ကြေညာ၊ တစ်နိုင်ငံလုံး ၃ လ အပစ်ရပ်ဟု MRTV မှာ ကြေညာသွားပါတယ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!