BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီက...
သတင်းအတု

စစ်ကောင်စီက ရွေးကောက်ပွဲဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလရာထူး ပြန်ပေးမယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက ရွေးကောက်ပွဲဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလရာထူး ပြန်ပေးမယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်

By - Boom Live Myanmar |
Published -  28 Sept 2024 10:01 PM IST
  • စစ်ကောင်စီက ရွေးကောက်ပွဲဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလရာထူး ပြန်ပေးမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

    အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဒီနေ့တောင် အာဏာပြန်လွဲနိုင်တယ်။ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး အမေစုကို မူလရာထူး ပြန်ပေးမည်ဟု ကြေညာ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးပြီး ယခင်ရာထူး ပြန်ပေးမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီခေါင်းဆောင်ဟာ ဒီရက်ပိုင်းအတွင်းမှာ PDF တွေ လက်နက်ကိုင်တော်လှန်ရေးတပ်တွေအားလုံးကို တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဖိတိခေါ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးခြင်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitary CoupelectionDaw Aung San Suu Kyiသတင်းအတုစစ်ကောင်စီရွေးကောက်ပွဲ
    Read Full Article
    Claim :   စစ်ကောင်စီက ရွေးကောက်ပွဲဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလရာထူး ပြန်ပေးမယ်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!