
ဒေါက်တာလဲ့လဲ့မော်ကို အစိုးရသက်သေထွက်ခိုင်းဖို့ စစ်ကောင်စီလွှတ်ပေးတယ်ဆိုတဲ့ သတင်းအတု
နိုင်ငံတော်အတိုင်ပင်ခံကို စွပ်ဆွဲထားတဲ့အမှုမှာ အစိုးရသက်သေထွက်ခိုင်းဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေး လိုက်တယ်ဆိုတဲ့အကြောင်းအရာတွေ လူမှုမီဒီယာတွေပေါ်မှာအများအပြားပျံ့နှံ့ခဲ့ပါတယ်။

NLD အစိုးရလက်ထက်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ကာ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုနဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ်အနှစ် ၃၀ ကျခံစေရန် တနင်္သာရီတိုင်းတရားရုံးက ၂၀၂၀ ခုနှစ် မေလ ၂၂ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။
ဒေါက်တာလဲ့လဲ့မော်ပြန်လွတ်တယ်ဆိုတဲ့ သတင်းတွေကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်ဖြန့်ဝေလာတာဖြစ်ပြီး "NLD အစိုးရကိုယ်တိုင် ဖမ်းဆီးထောင်နှစ်ရှည်ချခဲ့တဲ့ တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို နစက ကပြန်လွှတ်ပေးပြီး ဒေါ်စုရဲ့ အဂတိအမှုမှာ အစိုးရသက်သေထွက်ခိုင်းမှာ ဖြစ်ကြောင်း၊ ဒေါ်စုနေအိမ်အကျယ်ချုပ်ဘဝမှာ ကူညီခဲ့သူကို စောင်းကောက်ကျွန်း လုပ်ပိုင်ခွင့်ပေးမယ်ဆိုတဲ့ ဒေါက်တာလဲ့လဲ့မော် ရုပ်သံဖိုင်ထွက်အပြီးမှာ အဂတိမှုနဲ့ အဖမ်းခံခဲ့ရကြောင်း၊ အခုတော့ နစကဘက်က ဒေါက်တာလဲ့လဲ့မော်ကို လွှတ်ပေးခဲ့ကြောင်းနဲ့ ဒေါ်စုရဲ့ အဂတိအတွက် သက်သေထွက်ခိုင်းမှာ ဖြစ်ကြောင်း" ရေးသားထားတာပါ။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ပြန်လွတ်ပြီဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ သတင်းအမှားသာဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ အနီးကပ် မိသားစုဝင်တစ်ဦးက ငြင်းဆိုထားတယ်လို့ Dawei Watch သတင်းဌာနမှာ နိုင်ဝင်ဘာ ၃ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။
သတင်းထဲမှာ ပြန်လွတ်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ဘာသတင်းမှ မထူးဘူးလို့ မိသားစုဝင်က Dawei Watch သတင်းဌာနကို ပြောဆိုထားတယ်လို့လည်း ရေးသားထားပါတယ်။
သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Claim : နိုင်ငံတော်အတိုင်ပင်ခံရဲ့ အမှုမှာ အစိုးရသက်သေထွက်ခိုင်းဘို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေး လိုက်တယ်လို့ လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By : Facebook, Website
Fact Check : False
Next Story