BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီက ၂၀၀၈ ခြေဥ...
သတင်းအတု

စစ်ကောင်စီက ၂၀၀၈ ခြေဥ ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 July 2023 2:06 PM IST
  • စစ်ကောင်စီက ၂၀၀၈ ခြေဥ ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဆိုပါ Link ကို ဖေ့စ်ဘွတ်ပေါ်လည်း ဖြန့်ဝေထားပါတယ်။ ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၆ ရက်နေ့ ၂၀၀၈ ခြေဥ ဖျက်သိမ်းကြောင်း ကြေညာ၊ စစ်အုပ်ချုပ်ရေး ကြေညာပြီ” လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို ဖြန့်ဝေရာမှာလည်း “(၂၀၀၈) ခြေဥ ဖျက်သိမ်းစစ်အုပ်ချုပ်ရေး ကြေညာ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ Facebook ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခြင်း လုံးဝမရှိပါဘူး။ ၎င်းတို့ အာဏာသိမ်းဖြစ်စဉ်ကိုလည်း ဖွဲ့စည်းပုံအရ ပြုလုပ်ရတာဆိုပြီး အကာအကွယ်ယူထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးထဲက စစ်အုပ်ချုပ်ရေးဖြင့်သာ အုပ်ချုပ်နေတာဖြစ်ပြီး မြို့နယ် ၃၇ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ယခင်အချိန်တွေထဲက စာထုတ်ထားပြီးသားဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေတင်ထားတဲ့ Video အတွင်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ အရေးပေါ်အခြေအနေ ထပ်တိုးမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ထပ်ပြောတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsmilitaryCoupabolition2008 constitutionသတင်းအတုစစ်ကောင်စီ၂၀၀၈ ခြေဥ
    Read Full Article
    Claim :   စစ်ကောင်စီက ၂၀၀၈ ခြေဥ ဖျက်သိမ်းကြောင်း ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!