BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်း...
သတင်းအတု

KNU က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်းကို KNU က ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  2 Sept 2021 3:45 PM IST
  • KNU က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဩဂုတ်လ ၃၀ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကနေ တဆင့်ပြီးတဆင့် ကူးယူဖော်ပြရာကနေ ပြန့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ "ယနေ့ KNU လက်ချက်ဖြင့် ပုဇင်းတစ်ကောင် တောင်ပံကျိုး။ 30.8.2021" လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားကို ဖြန့်ဝေရာမှာ ရှင်းလင်းပြတ်သားစွာ မမြင်ရတဲ့ ဓါတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုထားပါတယ်။

    အဲ့ဒီ ဓါတ်ပုံအဟောင်းထဲမှာ ရဟက်ယာဉ်တစ်စီးက သစ်ပင်တွေ ထူထပ်တဲ့ တနေရာမှာ ပျက်ကျနေတာကို တွေ့ရပြီး ၎င်းပျက်ကျ ရဟက်ယာဉ်အနီးမှာ လူတစ်ဦး မတ်တပ်ရပ်နေတာကို တွေ့ရပါတယ်။ ဓါတ်ပုံဟာ အရမ်းဝါးနေပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မြင်ရခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြထားကြပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    မူရင်း ဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    KNU က စစ်ကောင်စီရဲ့ ရဟက်ယာဉ် တစ်စင်းကို ထိုင်း-မြန်မာ နယ်စပ်အနီးမှာ ပစ်ချခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကမှ စစ်ကောင်စီတပ်တွေရဲ့ ရဟတ်ယာဉ်တွေကို ထပ်မံပစ်ချခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် Mizzima သတင်းဌာနကိုလည်း အဆိုပါ သတင်းနဲ့ပတ်သက်ပြီး KNU အဖွဲ့က တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားရာမှာ ရဟတ်ယာဉ် ပစ်ချခဲ့တဲ့ ဖြစ်စဉ် မရှိထားဘူးလို့ အတည်ပြုထားပါတယ်။

    Mizzima သတင်းဌာနက တင်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။




    Tags

    Fake newsKNUshot downmilitary councilHelicopterCoupသတင်းအတုရဟက်ယာဉ်ပစ်ချ
    Read Full Article
    Claim :   KNU က စစ်ကောင်စီရဲ့ ရဟက်ယာဉ် တစ်စင်းကို ထိုင်း-မြန်မာ နယ်စပ်အနီးမှာ ပစ်ချခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!