BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU ဥက္ကဌ နဲ့ စစ်ဦးစီးချုပ်ကားကို...
သတင်းအတု

KNU ဥက္ကဌ နဲ့ စစ်ဦးစီးချုပ်ကားကို KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု

ကရင့်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ KNU တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 March 2023 7:19 PM IST
  • KNU ဥက္ကဌ နဲ့ စစ်ဦးစီးချုပ်ကားကို KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု
    Listen to this Article

    အဆိုပါ သတင်းအတုကို စစ်ကောင်အတွက် ဝါဒဖြန့်ပေးနေတဲ့ မှိုင်းဝေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင် ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားအတွင်းမှာ “ငြိမ်းချမ်းရေးအတွက် ပြည်သူနဲ့တွေဖို့သွားတဲ့ KNU ဥက္ကဌနဲ့KNU စစ်ဦးစီးချုပ်ကို KNDO ခေါင်းဆောင် နယ်ဓါးပြက PDFတွေနဲ့ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်။ ဒီကိစ္စနှင့် ပတ်သက်ပြီး BGF လည်းထဲထဲဝင်ဝင်ပါတော့မယ်ထင်တယ်။ နောက်ဆုံးကြရတဲ့သတင်းကတော့ နယ်ဓါးပြနဲ့ သူ့တပည့် လူရမ်းကား ပဒက်တွေကို KNU အဖွဲ့မှ အမှုန့်ကြိတ်ဖို့ ပြင်နေပြီ။ ကဲ KNU စစ်ဦးစီးချုပ်ရေ ခင်ဗျားကို စမ်းသပ်သွားတာနော်။ ဒါက ခင်ဗျားသိက္ခာနဲ့ ဆိုင်သွားပြီ” (အသုံးအနှုန်း မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါသတင်းအတုကို တယ်လီဂရမ် Group တွေနဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Manmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    မတ်လ ၉ ရက်နေ့က ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့မှာ ယာဉ်တန်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံရပြီး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ ကောလဟာလ ပြန့်နှံခဲ့ပြီး သတင်းမီဒီယာတစ်ချို့ကပါ ဖြန့်ဝေခဲ့ကြပါတယ်။

    အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU ဗဟိုက တာဝန်ရှိသူ တစ်ဦးက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကားဟာ KNU ဘက်က ကားမဟုတ်ကြောင်း BGF တွေရဲ့ ကားသာဖြစ်ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရတယ်လို့ သိရကြောင်း ပြောဆိုထားပါတယ်။ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ BGF ယာဉ်တန်း မိုင်းဆွဲခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ဒီသတင်းအမှားကို အသုံးချကာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်ကားကို ဗိုလ်ချုပ်စောနယ်ဒါးမြရဲ့ KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ ဖြန့်ဝေခဲ့နေတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    fake newsKNUKNDOPDFMilitaryCoupစစ်ကောင်စီအာဏာသိမ်းသတင်းအတု
    Read Full Article
    Claim :   KNU ဥက္ကဌ နဲ့ စစ်ဦးစီးချုပ်ကားကို KNDO နဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!