BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU က သစ္စာဖောက်ပြီး PDF တွေကို...
သတင်းအတု

KNU က သစ္စာဖောက်ပြီး PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးအပ်နေပြီဆိုတဲ့ သတင်းအတု

KNU က သစ္စာဖောက်ပြီး PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးအပ်နေပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Feb 2023 12:24 PM IST
  • KNU က သစ္စာဖောက်ပြီး PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးအပ်နေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Man Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၆ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ ၈ ရက်နေ့၊ မနက်ပိုင်းသတင်းလို့ ဖော်ပြထားကာ KNU က သစ္စာဖောက်ကာ PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးကြွေးနေပြီလို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၁၁၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်း ၈ သောင်းကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    KNU က သစ္စာဖောက်ပြီး PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးကြွေးနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီသတင်းအမှားဟာ KUN စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါးမြ ခွဲထွက်တည်ထောင်လိုက်တဲ့ ကော်သူလေးတပ်မတော်နဲ့ KNU တပ်မဟာ ၄ အောက်က တပ်ဖွဲ့တွေကြား တင်းမာမှုဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အသုံးပြုပြီး KNU က သစ္စာဖောက်ကာ PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးထည့်နေတယ်လို့ နားလည်မှုလွဲမှားအောင် ရေးသားကာ သတင်းအမှားဖြန့်ထားခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း တနင်္သာရီတိုင်းအတိုင်းက KNU တပ်မဟာ ၄ နယ်မြေမှာ ဖြစ်ပွားနေတာဖြစ်ပြီး တပ်ရင်းအမှတ် ၁၀ နဲ့ တပ်ရင်းအမှတ် ၄ ကြားသာ ဖြစ်နေတာ ဖြစ်ပြီး KNU တပ်ရင်းအားလုံးမှာ ဖြစ်ပွားနေခြင်း မရှိသလို PDF တွေက စစ်ကောင်စီလက်ထဲ ထိုးကြွေးနေခြင်းလည်း မရှိပါဘူး။ ဒီအခြေအနေကို အသုံးချပြီး သတင်းအမှားဖြန့်ထားခြင်းသာဖြစ်ပါတယ်။

    KNU တပ်မဟာ ၄ နယ်မြေမှာ ဖြစ်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး BBC သတင်းဌာနက ရေးသားဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ

    ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ Video ထဲမှာလည်း တပ်မဟာ ၄ နယ်မြေထဲက ပြဿနာကို အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ တနင်္သာရီလူထု တောင်းဆို ဆိုတဲ့ သတင်းအကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsKNUbetrayedPDFMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   KNU က သစ္စာဖောက်ပြီး PDF တွေကို စစ်ကောင်စီလက်ထဲ ထိုးအပ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!