BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF စခန်းတွေ ရှင်းလင်းဖို့...
သတင်းအတု

PDF စခန်းတွေ ရှင်းလင်းဖို့ စစ်ကောင်စီနဲ့ KNU သဘောတူတယ်ဆိုတာမဟုတ်ပါ

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းတွေကို ရှင်းလင်းပစ်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုနဲ့ စစ်ကောင်စီတို့ သဘောတူညီမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2022 4:00 PM IST
  • PDF စခန်းတွေ ရှင်းလင်းဖို့ စစ်ကောင်စီနဲ့ KNU သဘောတူတယ်ဆိုတာမဟုတ်ပါ

    အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စတင်ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားထဲမှာ တောင်းဘက်ပိုင်းမှာရှိတဲ့ PDF စခန်းမှန်သမျှကို နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ KNU က တာဝန်ရှိသူတွေ တွေ့ဆုံပြီး သဘောတူ လက်ခံတဲ့အပြင် KNU ဗဟိုကပါ ခွင့်ပြုခဲ့တယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေတဲ့အပြင် လူများတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကိုလည်း ထပ်ဆင့်မျှဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းတွေကို ရှင်းလင်းပစ်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုနဲ့ စစ်ကောင်စီတို့ သဘောတူညီမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကိုBoom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    KNU ဟာ လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး တွေ့ဆုံ ဆွေးနွေးမှု မရှိသလို သဘောတူညီမှု တစ်စုံတစ်ရာလည်း ပြုလုပ်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် ၎င်းတို့ ထိန်းချုပ်နယ်မြေထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပစ်ခတ်ဖို့ တပ်မဟာ အားလုံးကို KNU က ပစ်မိန့်ပေးထားပြီးသား ဖြစ်ပါတယ်။ KNU က နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပစ်မိန့်ပေးထားတဲ့ အကြောင်း ဒီ Link မှာ ဖတ်ပါ။

    KNU ဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေကို ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲ နေထိုင်ခိုလှုံခွင့်တွေ ပေးထားပါတယ်။ါ့အပြင် KNU တပ်မဟာ (၅) က မူတြော်ခရိုင်၊ ဖာပွန်မြို့မှာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ၎င်းတို့ နယ်မြေအတွင်းက ၁၀ ရက်အတွင်း ထွက်ခွါသွားဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    တပ်မဟာ ၅ ရဲ့ သတိပေး ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်အတုတွေ ဖြစ်တာကို တွေ့ရပြီး ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေကာ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ အကြောင်းအရာတွေ ဆက်တိုက် တင်နေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsKNU Central CommitteeMilitaryjuntaNotorious MilitaryCoupPeople
    Read Full Article
    Claim :   PDF စခန်းတွေ ရှင်းလင်းဖို့ စစ်ကောင်စီနဲ့ KNU ဗဟို သဘောတူ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!