BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KIA က ဓမ္မဆရာဟောင်းတစ်ဦးကို...
သတင်းအတု

KIA က ဓမ္မဆရာဟောင်းတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအတု

KIA က ဓမ္မဆရာဟောင်းတစ်ဦးဖြစ်သူ ဦးနမ်မြဲခွန်ဂျော်လီကို KIA က လုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 March 2024 9:55 PM IST
  • KIA က ဓမ္မဆရာဟောင်းတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေဆိုတဲ့ ချန်နယ်က မတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ KBC အမှုဟောင်ဟောင်းရဲ့ ဓါတ်ပုံရယ် Eleven မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းရဲ့ Screenshot တွေကို အသုံးပြုပြီး KIA အဖွဲ့က မြေရှာသတ္တု တူးဖော်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ KBC အသင်းက ဓမ္မဆရာတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ် ခဲ့တယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    KIA က ဓမ္မဆရာဟောင်းတစ်ဦးဖြစ်သူ ဦးနမ်မြဲခွန်ဂျော်လီကို KIA က လုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့က KBC အမှုဆောင်ဟောင်း ဘာသာရေးဆရာတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးဦးက မတ်လ ၁၈ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်မှာ လာရောက်ပစ်သတ်သွားတာ ဖြစ်ပါတယ်။ အဆိုပါ ဓမ္မဆရာဟာ ရပ်ရေးရွာရေး ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

    ကချင်နှစ်ခြင်းအသင်းတော် (KBC) က ဓမ္မဆရာဟောင်း ဦးနမ်မြဲခွန်ဂျော်လီ လုပ်ကြံခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    စစ်တပ်ထောက်ခံသူတွေကတော့ ဘာသာရေးဆရာ လုပ်ကြံခ့ရတဲ့ ဖြစ်စဉ်ကို KIA က ပြုလုပ်တာလို့ သတင်းအမှားဖြန့်ပြီး ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီထောက်ခံသူတွေဟာ မြန်မာနိုင်ငံအနှံ့ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ ခပ်စိပ်စိပ် ပြန်လည်ဖြန့်ဝေလာတာလည်း တွေ့ရပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKachin Baptist ConventionKBC pastorKIAassassinatedကချင်ဓမ္မဆရာလုပ်ကြံသတ်ဖြတ်သတင်းအတု
    Read Full Article
    Claim :   KIA အဖွဲ့က မြေရှာသတ္တု တူးဖော်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ KBC အသင်းက ဓမ္မဆရာတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!