BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကရင်နီတော်လှန်ရေးအဖွဲ့တွေက...
သတင်းအတု

ကရင်နီတော်လှန်ရေးအဖွဲ့တွေက ရွှေလွိုင်ကော် ပရဟိတ အသင်းရဲ့ ရုံးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု

ကရင်နီတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ KNPP၊ KNDF က ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ ရုံးခန်းနဲ့ ကားတွေ မီးရှို့ဖျက်ဆီး တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Dec 2023 9:30 PM IST
  • ကရင်နီတော်လှန်ရေးအဖွဲ့တွေက ရွှေလွိုင်ကော် ပရဟိတ အသင်းရဲ့ ရုံးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “KNPP/KNDF ကယားအကြမ်းဖက်သမားများမှ

    ရွှေလွိုင်ကော် ပရဟိတအသင်း ရုံး အိမ်နှင့် ကားများအား မီးရှို့ဖျက်စီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ ရွှေလွိုင်ကော် အသင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကားတွေမီးရှို့ခံရတဲ့ အကြောင်းဖော်ပြထားတဲ့ Screen Shot တစ်ခုကို တင်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်နီတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ KNPP၊ KNDF က ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ ရုံးခန်းနဲ့ ကားတွေ မီးရှို့ဖျက်ဆီး တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ကရင်နီပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြည်နယ်တစ်ခုလုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးနဲ့ မြို့အနှံ့ကို ပစ်ခတ်နေပြီး အရပ်သားပြည်သူထိခိုက် သေဆုံးမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

    ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်က လူမှုကယ်ဆယ်ရေးအသင်းတွေကို ကူညီကယ်ဆယ်ရေး မလုပ်ဖို့ စစ်ကောင်စီက တားမြစ်ထားပြီး ပရဟိတ ကားအချို့လည်း သိမ်းဆည်းခံထားရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် လွိုင်ကော်အခြေစိုက် ရွှေလွိုင်ကော် ပရဟိတအသင်းက လူနာတင်ကား ၇ စီးမီးလောင်ပျက်ဆီးသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဆက်သွယ်မေးမြန်းအတည်ပြုပြီး သတင်းရေးသားထားပါတယ်။ လူနာတင်ကားတွေဟာ ဓါတ်ဆီအပြည့်ထည့်ထားပြီး လက်နက်ကြီးထိမှန်ချိန်မှာ ပေါက်ကွဲအား ပြင်းထန်ပြီး အဆိုပါကားတွေအကုန် မီးလောင်ပျက်ဆီးသွားခဲ့တာ ဖြစ်တယ်လို့ အဆိုပါ သတင်းထဲမှာ ဖော်ပြထားပါတယ်။

    ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးကာ သတင်းတု၊ သတင်းမှားတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsKarennirevolutionburned downcharityသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   KNPP/KNDF ကယားအကြမ်းဖက်သမားများမှ ရွှေလွိုင်ကော် ပရဟိတအသင်း ရုံး အိမ်နှင့် ကားများအား မီးရှို့ဖျက်စီး
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!