BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကို အာဏာလွဲမှ...
သတင်းအတု

NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်လို့ India ဝန်ကြီးချုပ်ပြောတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်လို့ India ဝန်ကြီးချုပ်ပြောတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 March 2023 11:46 AM IST
  • NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်လို့ India ဝန်ကြီးချုပ်ပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Bro Than ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ သတင်းပုံစံ ဖန်တီးထားတဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ India ဝန်ကြီးချုပ်နဲ့ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်တဲ့ အိန္ဒိယဝန်ကြီးချုပ်ပြော။ စကစ အရည်အချင်းမရှိဘူးလို့ ဒဲ့ပြောတာ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “စစ်ကောင်စီခွေးဖြစ်ပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    ဒီ Video ကို YouTue ပေါ်မှာနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်လို့ India ဝန်ကြီးချုပ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    India ဝန်ကြီးချုပ်ဟာ NUG ကို အာဏာပြန်လွဲမှာ ငြိမ်းချမ်းမယ်လို့ မပြောထားသလို စစ်ကောင်စီကို အရည်အချင်း မရှိဘူးလို့လည်း ပြောဆိုထားခြင်း မရှိပါဘူး။ စစ်ကောင်စီ အာဏာသိမ်စဉ်ကနေ အခုထိ India ဟာ စစ်ကောင်စီဘက်ယိမ်းနေဆဲသာ ဖြစ်ပါတယ်။

    ဒါ့အပြင် Video ရဲ့ ခေါင်းစဉ်နဲ့ နောက်ခံ Photo နဲ့ ခေါင်းစဉ်တွေမှာ India ဝန်ကြီးချုပ်က NUG ကို အာဏာပြန်လွဲမှ ငြိမ်းချမ်းမယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Read Full Article
    Claim :   NUG ကို အာဏာလွဲမှ ငြိမ်းချမ်းမယ်တဲ့ အိန္ဒိယဝန်ကြီးချုပ်ပြော
    Claimed By :  Facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!