BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀...
      သတင်းအတု

      စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

      စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  31 Oct 2024 11:02 AM IST
    • စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတပ်ချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီး ၂၀၀ ဦးကို ICJ မှ ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ ပွဲသိမ်းပြီဟေ့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ICJ အမှုဟာ ကြားနာဆဲ ဖြစ်ပြီး စိုးဝင်းကိုရော မည်သည့်စစ်ဗိုလ်ချုပ်ကိုမှ ICJ က ဖမ်းဝရမ်းထုတ်ခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

      ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupNUGPDFစစ်ကောင်စီအာဏာသိမ်းသတင်းအတု
      Read Full Article
      Claim :   စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!