BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Covid-19 လူနာအရေအတွက် အစိုးရက...
သတင်းအတု

Covid-19 လူနာအရေအတွက် အစိုးရက ထိန်ချန်ထားတယ်ဆိုတဲ့ သတင်းအတု

ကိုရိုနာရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ သတင်းအမှားတွေ နေ့စဉ်ထွက်ပေါ်လျှက် ရှိနေပါတယ်။ သတင်းအမှား အများစုဟာ လူအများ စိုးရိမ်ထိတ်လန့်နေတဲ့အချိန်ကို အခွင့်ကောင်း ယူပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  27 May 2020 7:51 PM IST
  • Covid-19 လူနာအရေအတွက် အစိုးရက ထိန်ချန်ထားတယ်ဆိုတဲ့ သတင်းအတု

    ဒီလို သတင်းအမှား ဖြန့်ဝေမှုတွေထဲမှာ Myanmar TV ဆိုတဲ့ YouTube အကောင့်က မတ်လ ၂၆ ရက်နေ့မှာ "ကူးစက်ရောဂါပိုးရှိသူ အရေအတွက် အစစ်အမှန်ကို အစိုးရက ထိန်းချုပ်ထားတယ်ဆိုတဲ့ အသံဖိုင်" လို့ ဖော်ပြထားတဲ့ သတင်းအမှား Video တစ်ပုဒ်ကိုဖြန့်ဝေခဲ့ပါတယ် ။ ဒီ Video ကို Myanmar News Team (မြန်မာသတင်း) ဆိုတဲ့ ဝက်ဆိုဒ်တစ်ခုကို ပြန်လည်မျှဝေထားပြီး ဖေ့စ်ဘွတ်အကောင့်ပုန်းတွေနဲ့ လူများတဲ့ Facebook Group တွေထဲကို ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။

    ဒီ သတင်းအမှား Video ဟာ အချိန် ၁၂ မိနစ် ၁ စက္ကန့်ကြာမြင့်ပြီး Video ရဲ့ အတွင်းပိုင်းမှာတော့ "ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ယောက်ရှိနေပြီ။ ဒါပေမယ့် အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး ကြေငြာလိုက်ရင် Panic buying နဲ့ အကုန် ဒုက္ခရောက်ကုန်မှာစိုးလို့ နည်းနည်းချင်း စဖော်မယ်လို့ ပြောသွားတယ်နော်" လို့ ပြောထားတဲ့ အသံဖိုင်နဲ့ အဆိုပါ Video ကို စဖွင့်ထားပါတယ်။ အဲ့ဒီ အသံဖိုင်အနောက်မှာ ကားပေါ်မှာ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေက မြန်မာနိုင်ငံကို အောက်လမ်းကနေ ခိုးဝင်ပြီးပြန်လာနေကြတယ်လို့ ပြောဆိုနေတာကို ဖုန်းနဲ့ ခိုးရိုက်ထားတဲ့ Video ကို ဖော်ပြထားပါတယ်။ Video ရဲ့ နောက်ဆုံးအပိုင်းမှာတော့ လွန်ခဲ့တဲ့ ၁ နှစ်ခန့်က လူမှုကွန်ယက်ပေါ် လူပြောများခဲ့တဲ့ အထူးသတင်းထောက်ဆိုသူတစ်ဦးက သူများခြံအတွင်း ခွင့်ပြုချက်မတောင်းဘဲ အတင်းဝင်ရောက် ဓါတ်ပုံရိုက်ကာ ခြိမ်းခြောက်စကားဆန်ဆန်နဲ့ ခြံပိုင်ရှင် အမျိုးသမီးနဲ့ အခြေအတင် စကားပြောထားတဲ့ Video file ကို ဖော်ပြထားပါတယ်။

    ဒီ Video ကို Myanmar TV နာမည်နဲ့ပြုလုပ်ထားတဲ့ YouTube အကောင့် မှာ ဝင်ရောက်ကြည့်ရှု့သူ ၅ သောင်းခွဲကျော် ရှိနေပြီး Myanmar News Team ဝက်ဆိုက်ကနေ လူပေါင်း ၁၀၀၀ နီးပါးက ထပ်ဆင့်ဝေမျှထားပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar TV ဆိုတဲ့ နာမည်နဲ့ YouTube အကောင့်က တင်ထားတဲ့ "ကူးစက်ရောဂါပိုးရှိသူ အရေအတွက် အစစ်အမှန်ကို အစိုးရက ထိန်းချုပ်ထားတယ်" ဆိုတဲ့ သတင်းကို ဆန်းစစ်ကြည့်တဲ့အခါ ၎င်း သတင်းဟာ ဝင်ရောက်ကြည့်ရှု့သူ များအောင် ခေါင်းစဉ်ကို လုပ်ယူရေးသားထားတာဖြစ်ပါတယ်။ ကိုရိုနာရောဂါနဲ့ ပက်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာဖြစ်ပြီး သတင်းထိန်ချန်ထားခြင်း မရှိပါဘူး။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ၎င်းတို့ တင်ထားတဲ့ Video ရဲ့ ခေါင်းစဉ်မှာ အစိုးရက သတင်းထိန်ချန်ထားတယ်လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းမှာတော့ လူနာတွေ့တယ်ဆိုတဲ့အချက်အလက်တွေပြောထားတဲ့အသံဖိုင်ဟာ ပြည်တွင်းမှာ ရောဂါပိုးမရှိသေးခင်ကာလက ဖေ့စ်ဘွတ် Messenger ကနေပျံ့နှံ့ခဲ့ဖူးတဲ့ဖိုင်ဖြစ်သလို၊ အဲ့ဒီကာလမှာ ဘယ်သူဘယ်ဝါစဖြန့်မှန်းမသိတဲ့ အသံဖိုင်တွေအမြောက်အများပျံ့နှံ့ခဲ့ဖူးပါတယ်။အဲဒီ Video တစ်ပုဒ်လုံးမှာ တခြားနေရာပေါင်းစုံက ပျံ့တဲ့ တခြားမသက်ဆိုင်တဲ့ Video ဖိုင်တွေကိုပါ စုစည်းဖေါ်ပြထားတာဖြစ်ပါတယ်။

    ဒီ YouTube အကောင့်နဲ့ ဝက်(ဘ်)ဆိုဒ်ဟာ ပုံမှားရိုက်ထားတဲ့ သတင်းအတုတွေ၊ အများပြည်သူ ထိတ်လန့်စေတဲ့ သတင်းအမှားတွေ၊ လိင်ကိစ္စအသားပေးဖော်ပြတဲ့ ညစ်ညမ်းသတင်းတွေ တင်ပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ကာ ငွေရှာနေတဲ့ မီဒီယာ အမည်ခံ Channel တစ်ခုဖြစ်ပါတယ်။

    ဒါ့အပြင် Myanmar News Team ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်ဟာ သတင်းအမှားတွေ ဖြန့်ချိလေ့ ရှိတဲ့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ထားတဲ့ ဝက်(ဘ်)ဆိုဒ် ဖြစ်ပြီး မြန်မာသတင်းမီဒီယာ ကောင်စီကလည်း သတင်းအမှားတင်တဲ့ ဝက်ဆိုဒ်အဖြစ်လည်း ကြေငြာထားပါတယ်။

    သတင်းမီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

    Tags

    fake newsfake YouTube accountCovid-19coronavirus Myanmar
    Read Full Article
    Claim :   ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံဖန်တီးထားတဲ့ Myanmar TV ဆိုတဲ့ နာမည်နဲ့ YouTube အကောင့်က တင်ထားတဲ့ “ကူးစက်ရောဂါပိုးရှိသူ အရေအတွက် အစစ်အမှန်ကို အစိုးရက ထိန်းချုပ်ထားတယ်” ဆိုတဲ့ သတင်းအတုကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  YouTube, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!