BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နေပြည်တော်ထိလှမ်းပစ်လို့ရတဲ့ လက်နက်...
      သတင်းအတု

      နေပြည်တော်ထိလှမ်းပစ်လို့ရတဲ့ လက်နက် NUG တကယ်ဝယ်သလား

      မြန်မာ့မြေပုံထဲမှ နေပြည်တော်စစ်သူပုန်စခန်းထိ ပစ်ခတ်နိုင်တဲ့ ဒုန်းလက်နက်တွေကို ပြည်သူ အစိုးရကဝယ်ယူပြီးဖြစ်ကြောင်းနဲ့ မကြာမှီ ရောက်ရှိမည်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ ပုံတွေဟာသတင်းအမှားတွေသပ်သပ်သာဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  12 May 2021 3:43 PM IST
    • နေပြည်တော်ထိလှမ်းပစ်လို့ရတဲ့ လက်နက် NUG တကယ်ဝယ်သလား

      ဒီလိုဖြန့်ဝေတဲ့အကြောင်းအရာတွေဟာ လူတွေအတွက်စိတ်အားတက်စရာလို့ထင်ရပေမယ့် ပုံအမှားတွေနဲ့အချက်အလက်အမှားတွေကို အသုံးပြုပြီးဖြန့်ဝေထားတဲ့ အကြောင်းအရာမျိုးသာဖြစ်ပါတယ်။

      ဒီအကြောင်းအရာတွေမှာသုံးထားတဲ့ပုံတွေဟာ တရုတ်နိုင်ငံလုပ် FM-90 လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုန်းလက်နက်ပုံတွေကို အသုံးပြုထားပြီး NUG အစိုးရဝယ်ယူထားတဲ့ လက်နက်တွေဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာပါ။‌ ဒီဖြန့်ဝေမှုတွေကို မေလ ၃ ရကနေ့ ည ၈ နာရီခန့်က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ဆက်လက်ဖြန့်ဝေနေဆဲလည်း ဖြစ်ပါတယ်။

      ဖြန့်ဝေမှုထဲမှာ "မြန်မာ့မြေပုံထဲမှ နေပြည်တော် စစ်သူပုန်စခန်းထိ ပစ်ခတ်နိုင်သည့် ဒုန်း လက်နက်များ နိုင်ငံတကာ အသိမှတ်ပြုသည့် ပြည်သူ အစိုးရမှ ဝယ်ယူပြီး မကြာမှီ ရောက်ရှိမည်ဟု fb စာမျက်နာတွင် ပျံနှံ့" ဆိုပြီး ဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်စစ်ချက်

      ဒီဖြန့်ဝေမှုထဲမှာ ပါတဲ့ ပုံတွေကို စစ်လက်နက်တွေအကြောင်း ရေးသားတင်ပြပေးနေတဲ့ Army Recognition ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၆ ရက်နေ့က ဖော်ပြထားတာကို တွေ့ရပါတယ်။


      ထိုအချိန်က FM-90 လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုံးတွေကို တရုတ်က ပြည်ပပို့ကုန်ဈေးကွက်အတွက် ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      တရုတ်ကထုတ်ရောင်းလိုက်တဲ့ FM-90 လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုံးတွေနဲ့ ပါတ်သတ်ပြီး ဝယ်ယူသူတွေ အဆင်မပြေဖြစ်ရတဲ့အကြောင်းကို ဗီယက်နမ်အခြေစိုက် SOHA ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသေးတယ်။


      ရေးသားဖော်ပြမှုမှာ တရုတ်ရဲ့ FM-90 လေကြောင်းရန်ကာကွယ်ရေးစနစ် (HQ-7A) ကို ဝယ်ယူခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအနေနဲ့ ဝယ်ယူပြီး သုံးနှစ်မပြည့်မီမှာပင် စနစ်ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြင်ဆိုဘို့ အပိုပစ္စည်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

      ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင်ပို့စ်တွေမှာရည်ညွှန်းထားတဲ့ ပြည်သူ့အစိုးရဆိုတာ NUG ကိုရည်ညွှန်းလိုတာဖြစ်ပေမယ့် လက်ရှိအချိန်မှာ NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ကိုဖွဲ့စည်းပြီးဖြစ်ကြောင်းကြေငြာထားတာကလွဲလို့ တပ်အင်အား၊ လက်နက်အင်အား၊ တပ်ဖွဲဝင်အင်အားစတာတွေကို ဘယ်တုန်းကမှတရားဝင်ထုတ်ပြန်ကြေငြာထားခြင်းမရှီသေးပါဘူး။ ဒီလိုလက်နက်မျိုးဝယ်ယူထားတယ်ဆိုတဲ့အခြေအနေမျိုးလည်းအသိပေးထားတာမျိုးမရှိပါဘူး။ဒါကြောင့် ခုရေးသားဖြန့်ဝေနေမှုတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေသာ ဖြစ်ပါတယ်။

      Tags

      Fakenewsfake imageဒုန်းလက်နက်air defense systemAirShow China 2018military coup
      Read Full Article
      Claim :   မြန်မာ့မြေပုံထဲမှ နေပြည်တော်စစ်သူပုန်စခန်းထိ ပစ်ခတ်နိုင်တဲ့ ဒုန်းလက်နက်တွေကို ပြည်သူ အစိုးရကဝယ်ယူပြီးဖြစ်ကြောင်းနဲ့ မကြာမှီ ရောက်ရှိမည်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!