BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို...
      သတင်းအတု

      သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို FBI က အမည်ပျက်စာရင်းသွင်းတယ်ဆိုတဲ့ သတင်းအတု

      သံအမတ်ကြီးဦးကျော်မိုးထွန်း ကို FBI က အမည်ပျက်စာရင်းသွင်းတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar | 23 Sep 2021 11:45 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို FBI က အမည်ပျက်စာရင်းသွင်းတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ Up to Date News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ည ၉ နာရီ ၄၉ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဦးကျော်မိုးထွန်းအား FBI က အမည်ပျက်စာရင်းသွင်း" လို့ ရေးသားထားပါတယ်။

      သတင်းအမှားရဲ့ အတွင်းမှာတော့ NUG ရဲ့ လက်နက်ကိုင် တော်လှန်မယ့် လမ်းစဉ်ကို အမေရိကန်၊ ဗြိတိန်နဲ့ EU တို့က လက်မခံကြောင်း၊ ပြည်ပ မီဒီယာတွေကလည်း PDF ကို အကြမ်းဖက် အဖွဲ့အဖြစ် သုံးလာကြကြောင်း "ကျော်မိုးထွန်းအား နစကမှာ ကုလကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းလိုက်စဥ်ကတိုင် ဗြိတိန်သတင်းစာက Diplomate without State ဟုသုံးနှုန်းခဲ့သည်။

      ၄င်းအသုံးအနှုန်းအပေါ် "ဦးကျော်မိုးထွန်းဟာ ဘယ်နိုင်ငံမှကိုယ်စားမပြုတော့ဘဲ........မရှိ ကိုယ့်အောက်က ကုလားထိုင်းလေးတစ်လုံးကိုယ်စားပြုပြီး ဝင်ထိုင်နေသူ" ဟူ၍ အဓိပ္ပါယ်ဖွင့်ကြသည်ကို တွေ့ရသည်။ စက်တင်ဘာ ၁၁ ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်းများကို အားကိုးမရတော့ကြောင်း တော်လှန်ရေးကို ကိုယ့်အစီအစဥ်ဖြင့် အရှိန်မြှင့်ဆောင်ရွက်ကြရန်တိုက်တွန်းသည့်စာထွက်လာသည်နှင့် တစ်ပြိုင်နက် နစကမှ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အမှုဖွင့်ထားခြင်းခံရသူ၊ ဝရမ်းပြေး ကျော်မိုးထွန်းအား FBI က လိမ်လည်ပြီးတိုင်းတန်းမှု (၄င်းအားလုပ်ကြံရန်ကြိုးစားသည်ဟု တိုင်တန်းခြင်း) ပြုလုပ်သည်ဟုဆိုကာ ခံဝန်ထိုးခိုင်းပြီး၊ မယုံကြည်ရသူ အမည်ပျက်စာရင်း (black list) သွင်းခံလိုက်ရသည်ဟူသည့် သတင်းလည်းထွက်လာသည်" (သတ်ပုံ၊ အရေးအသား မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၆၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ ၃၀၀ ကျော်ရှိကာ တခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      သံအမတ်ကြီး ဦးကျော်မိုးထွန်းကို FBI က အမည်ပျက် စာရင်းသွင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

      ဦးကျော်မိုးထွန်းအပေါ် အမေရိကန်နိုင်ငံက ထောက်ခံအားပေးမှု ပြုထားပြီး လုံခြုံစွာနေထိုင်နိုင်အောင် ကာကွယ်မှုလည်း ပေးထားတဲ့အပြင် ၎င်းကို လုပ်ကြံဖို့ ကြိုးစားကြတဲ့ စစ်ကောင်စီထောက်ခံသူတွေကို FBI က ဖမ်းဆီးပေးခဲ့ပါသေးတယ်။

      ဒါအပြင် PDF တွေနဲ့ ပက်သက်ပြီး နိုင်ငံတကာမီဒီယာတွေက ထောက်ခံအားပေး ရေးသားနေကြခြင်းသာ တွေ့ရပြီး မည်သည့် နိုင်ငံတကာ မီဒီယာကမှ အကြမ်းဖက် အဖွဲ့လို့ သုံးနှုန်းထားခြင်း မရှိပါဘူး။

      လက်ရှိကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတဂျိုးဘိုက်ဒန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရပ်စ်တို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးမယ် ဖြစ်ကြောင်း အဆိုပါ ညီလာခံမှာ ပြောကြားထားပါတယ်။

      အဆိုပါ ညီလာခံ အကြောင်း သတင်းကို ဒီမှာ ဖတ်ပါ။


      Tags

      Fake newsFBIblacklistedAmbassador Kyaw Moe TunCoup76th Session of the UN General Assemblyသတင်းအတုအမည်ပျက်စာရင်းစစ်ကောင်စီ
      Read Full Article
      Claim :   သံအမတ်ကြီး ဦးကျော်မိုးထွန်းကို FBI က အမည်ပျက် စာရင်းသွင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!