BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုဗိုလ်ချုပ်စိုးဝင်း မိသားစု...
သတင်းအတု

ဒုဗိုလ်ချုပ်စိုးဝင်း မိသားစု အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စိုးဝင်းကို စစ်ကောင်စီတပ်က ပြန်ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းအတု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2023 10:31 AM IST
  • ဒုဗိုလ်ချုပ်စိုးဝင်း မိသားစု အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို War War Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၄င်း Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ DVB သတင်းဌာန logo နဲ့ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “၂၅ ရက်နေ့ ဒုချုပ်စိုးဝင်း မိသားစု ခွေးဆွဲခံရပြီ။ အချင်းချင်း သတ်ကုန်ပြီဗျို့” ဆိုတဲ့စာသား (မူရင်းဖော်ပြထားသည့်အတိုင်း) ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၁၈၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၄၆၀၀၀ ကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းကို စစ်ကောင်စီတပ်တွေက ပြန်ဖမ်းပြီး အချင်းချင်းသတ်ဖြတ်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီဗိုလ်ချုပ်စိုးဝင်းဟာ ဖမ်းခံရခြင်း မရှိသလို ၎င်းတို့အချင်းချင်း သတ်ဖြတ်နေခြင်းလည်း မရှိပါဘူး။ ဒါ့အပြင် စိုးဝင်းဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှားဟာလည်း မကြာခဏ ထွက်ပေါ်နေတဲ့ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

    ယခင် ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ link မှာ ဖတ်ပါ။

    စစ်ကောင်စီ ဒုဗိုလ်ချုပ်စိုးဝင်း လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအတု


    သတင်းအမှား Video ရဲ့ အတွင်းမှာတော့ စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းနဲ့ သက်ဆိုင်တာ မပါဝင်ပါဘူး။ ၎င်း Video အထဲမှာတော့ “အမေရိကန်က MOGE ကို အရေးယူဖို့ ခက်ခဲ” ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNLDNUGClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   စစ်ကောင်စီ ဒုဗိုလ်ချုပ်စိုးဝင်း မိသားစု အဖမ်းခံရ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!