BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ခိုင်ဖြိုးပါတီ...
သတင်းအတု

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းရဲ့ Facebook Messenger ပေါက်ကြားတယ်ဆိုတဲ့ သတင်းအတု

ဒီရက်ပိုင်း အတွင်းမှာ ပြည်ခိုင်ဖြိုးပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ Faecbook Messenger မှာ အပြန်အလှန်ပြောဆိုထားတဲ့ အတွင်းစကားတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  21 July 2020 11:50 AM IST
  • ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းရဲ့ Facebook Messenger ပေါက်ကြားတယ်ဆိုတဲ့ သတင်းအတု

    အဲ့ဒီ သတင်းအမှားဟာ Screen Shot ပြုလုပ်ထားတဲ့ ဓါတ်ပုံ ၃ ပုံမှာ ဒေါက်တာ နန္ဒလှမြင့်ရဲ့ ဓါတ်ပုံတစ်ပုံနဲ့ တွဲတင်ထားပြီး "ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ Chat boh သတင်းပေါက်ကြားမူ အရှက်ရ စဖြစ်ခဲ့ဟု နန္နလှမြင့်ဝန်ခံ" (စာလုံးပေါင်း သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    ဒီလိုဖြန့်ဝေထားတဲ့ Screen Shot ထဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနဲ့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်တို့ အပြန်အလှန် ပြောထားတဲ့ ပုံစံ ဖန်တီးထားပါတယ်။ အဲ့ဒီ Screen Shot အကြောင်းအရာတွေထဲမှာ ပါတီဥက္ကဌက ပါတီဝင်တွေ အပေါ် မကောင်းပြောထားတာတွေ ပါဝင်သလို၊ ညစ်ညမ်းအကြောင်း အရာတချို့ကိုလည်း ထည့်သွင်းရေးသားထားပြီး လူမျိုးရေး ဘာသာရေး တိုက်ခိုက်ထားတာတွေလည်း ပါဝင်နေပါတယ်။

    အဲ့ဒီ သတင်းအမှားကို Jang Pone ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီ ၄၉ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီသတင်းအမှားကို ပြန်လည် ကူးယူဖော်ပြသူတိုင်းဟာ ခေါင်းစဉ်မှာရေးသားထားတဲ့ မူရင်းစာလုံးပေါင်း သတ်ပုံအမှားအတိုင်း ပြန်လည် ကူးယူဖော်ပြနေတာကို တွေ့ရပါတယ်။

    ဒီလိုသတင်းအမှားကို Jang Pone ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ ဖေ့စ်ဘွတ် ဂရုပေါင်းများစွာမှာ မျှဝေထားသလို တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့လည်း ထပ်ဆင့် မျှဝေနေကြပါတယ်။


    သတင်းဆန်းစစ်ချက်

    Jang Pone ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ Facebook Message များ ပေါက်ကြားခဲ့တဲ့ အတွက် အရှက်ရစရာ ဖြစ်ခဲ့တယ်လို့ ဒေါက်တာနန္ဒလှမြင့် က ပြောခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတာနဲ့ ပက်သက်ပြီး "ကျွန်တော်တို့ ပါတီဥက္ကဌကြီးနဲ့ ကျွန်တော်တို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်တို့နဲ့ Chat Box ကနေပြီးတော့ ပြောဆိုထားတဲ့ဟာ သတင်းပေါက်ကြားတယ် ဆိုပြီးတော့ ဒါ Photoshop အတုတွေနဲ့ သူတို့ ဝါဒဖြန့်ထားတာကို တွေ့တယ်ဗျ။ အဲ့ဒီတော့ ဒီလို သတင်းမျိုး သတင်းအမှားတွေကဗျ တော်တော်လေး မသင့်တော်တဲ့ ကိစ္စတွေ ဖြစ်တယ်ဗျ။ ရွေးကောက်ပွဲ နီးလာတော့လေ။ ကျွန်တော်တို့ ပါတီ ဥက္ကဌကြီးကလည်းပဲ အဲ့လောက်အထိ အပြန်အလှန် ပြောဆိုနိုင်တဲ့အချိန် မရှိပါဘူး။ ကျွန်တော်တွေ့တဲ့ဟာက ဘယ်မှာတွေ့လဲဆိုတော့ ဇာနည်ထွန်း အကောင့်က မရှိတော့ဘူးပြောတယ်။ နောက် ဇာနည်အောင်လင်း Account နဲ့ ဇာနည်ထိုက် Account ကို သူက tag တွဲထားတာ။ ကျွန်တော် Screen Shot ယူထားတဲ့ ဟာကတော့လေ။ ဒီလို ဝါဒဖြန့်ချိမှုက ကျွန်တော်တို့ နိုင်ငံရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို ပြည်သူလူထုတွေ အတွေးမှား အမြင်မှားသွားအောင် ရေးသားထားတဲ့ ရေးသားချက်တွေ ဖြစ်တယ်။ ဒါတွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဒီလို မဆောင်ရွက်သင့်ဘူးလို့ ပြောချင်ပါတယ်" လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။



    Tags

    Fake newsthe Facebook MessengerUSDP leadersသတင်းအတုFacebook Messenger ပေါက်ကြားပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်
    Read Full Article
    Claim :   Jang Pone ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ Facebook Message များ ပေါက်ကြားခဲ့တဲ့ အတွက် အရှက်ရစရာ ဖြစ်ခဲ့တယ်လို့ ဒေါက်တာနန္ဒလှမြင့် က ပြောခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!