BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲမသမာမှုတွေ...
သတင်းအတု

မဲမသမာမှုတွေ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့သတင်းအမှား

UEC နဲ့ NLD ပေါင်းပြီး မဲမသမာမှုတွေဖြစ်ပွားနေကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်များသည် တရားမဝင်ကြောင်း လူမှုကွန်ရက်မှာဖြန့်ဝေရေးသားမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  12 Nov 2020 11:21 AM IST
  • မဲမသမာမှုတွေ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့သတင်းအမှား

    ဒီသတင်းကို Zin Zin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေရမှာ ၃ မိနစ် ခွဲခန့်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုအပါဝင် UEC အဖွဲ့လူပေါင်းမှားသွားပြီဆိုတဲ့ ဓါတ်ပုံကို ဖြန့်ဝေထားတာပါ။ ပိုစ့်မှာ ရေးသားထားတာကတော့ "သတင်းအမှန်တွေနော်။ USDP လည်းမပျော်နဲ့။ NLD လည်း မပျော်နဲ့။ ငါတို့တွေအားလုံးက ပြည်သူထဲကပြည်သူပဲ။ ပြဿနာကို ဖန်တီးသူတွေက တာဝန်ရှိစာွပြောရှင်းပါ။ ငါတို့နိုင်ပီလို့သိပ်မအော်နေနဲ့အင်စိန်ကလူမရွေးဘူး။ ဖမ်းမိရင် ပါတီပါဖျက်သိမ်းခံရပီ အင်စိန်ရောက်ဖို့ရှိတယ်။" ဆိုပြီး ရေးသား ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပြောထားတာက "ကျွန်တော်ပြောချင်တာ လက်ရှိမှာ အခြေအနေတွေ အရမ်းကို ရှုပ်ထွေးနေပါတယ်။ UEC နဲ့ NLD ပေါင်းပြီး မဲမသမာမှုတွေဖြစ်ပွားနေတယ်လို့ ကြားတယ်။ ပြီးတော့ အတိုက်အခံပါတီနဲ့ တခြားပါတီတွေက ရွေးကောက်ပွဲရလဒ်ကို တရားဝင်ကန့်ကွက်ထားတယ်လို့ ကြားတယ်။ ရွေးကောက်ပွဲရလဒ်တွေက မည်သူတစ်ဦးတယောက်ကမှ၊ ပြိုင်ဘက်ပါတီတွေက အတည်ပြုထားခြင်း မရှိဘူး။ ရွးကောက်ပွဲရလဒ်တွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေ မည်သည့်ရလဒ်မဆို တရားဝင်မဟုတ်ဘူးဆိုတာ ပြည်သူလူထုကို သိစေချင်တယ်။ ဒါကျွန်တော် နိုင်ငံရေးရှု့ထောင့်က ကြည့်ပြီးပြောတာပါ။" ဆိုပြီး ထပ်ကာတလဲ ပြောဆိုထားတာပါ။

    ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုမှာ တွဲဖက်ထည့်သွင်းထားတဲ့ ဗွီဒီယိုဖိုင်မှာ ရွေးကောက်ပွဲရလဒ်တွေကို မည်သူတစ်ဦးတယောက်ကမှ၊ ပြိုင်ဘက်ပါတီတွေက အတည်ပြုထားခြင်း မရှိကြောင်းနဲ့ မည်သည့် ရွေးကောက်ပွဲ ရလဒ်မဆို တရားဝင်မဟုတ်ကြောင်း ပြောဆိုထားတာနဲ့ ပတ်သက်ပြီး ပြောဆိုထားပါတယ်။


    ဒါနဲ့ ပါတ်သတ်ပြီး ဒီနေ့ နိုင်ဝင်ဘာ ၁၁ ရက်နေ့ နေ့လည်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းထုတ်ပြန်ခြင်း ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနက မသက်စုအောင်က မေးမြန်းထားမှုကို ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ဖြေကြားထားပါတယ်။

    နိုင်ငံပိုင် မီဒီယာ MRTV ရဲ့ Live ထုတ်လွှင်မှုအစီအစဉ်ရဲ့ အချိန် ၄၆ မိနစ်ကျော်မှာ RFA က မေးမြန်းကို ကြည့်ရှု့နားထောင်နိုင်ပါတယ်။


    မေးမြန်းချက်- အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ USDP ပါတီက မီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့နေရာမှာ ပါတီဥက္ကဌ ဦးသန်းဌေးကိုယ်တိုင်က အခုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မယုံကြည်ဘူးဆိုပြီးပြောထားပါတယ်။ နောက်တစ်ခုက ဒီမဲတွေရေတွက်နေတဲ့ ဒီကာလမှာပဲ USDP က ပုံစံ ၁၉ မှာ လက်မှတ်မထိုးဖို့ ကိုယ်စားလှယ်လောင်းတွေကို ကြေငြာချက်ထုတ်ပြီး တားမြစ်တာတွေရှိပါတယ်။ ဆိုတော့ ပြိုင်တဲ့ကိုယ်စားလှယ်တွေက ရလဒ်ကို အသိအမှတ်မပြုရင် ကော်မရှင်အနေနဲ့ ဒီဟာကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ဘယ်လိုများ ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

    ဖြေကြားချက် - ဥပဒေပြဌာန်းချက်မှာက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ပုံစံပေါ်မှာ လက်မှတ်ရေးထိုးရမယ်။ မထိုးရင် မထိုးတဲ့သူသာ တာဝန်ရှိပါတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကလည်း ဥပဒေအပေါ်မှာပဲ ဆက်လက်ဆောင်ရွက်သွားဘို့ပါ။

    ဆက်လက်ပြီး RFA သတင်းဌာနရဲ့ သူမထိုးလဲ လုပ်ထုံးလုပ်နည်းအရ တရားဝင်ပဲ ဆက်သွားမှာလားဆိုတဲ့ မေးမြန်းချက်အပေါ်မှာမှာလည်း ဦးမြင့်နိုင်က မထိုးတဲ့ သူမှာပဲ တာဝန်ရှိကြောင်း၊ ကော်မရှင်အနေဲ့ ထိခိုက်မှုမရှိကြောင်းနဲ့ ဥပဒေက အဲ့ဒီအတိုင်းပဲ ပြဌာန်းထားတာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

    MRTV မှာထုတ်လွှင့်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းထုတ်ပြန်ခြင်း အစီအစဉ်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Election2020 electionFakenewselection resultsillegal resultsFake video
    Read Full Article
    Claim :   UEC နဲ့ NLD ပေါင်းပြီး မဲမသမာမှုတွေဖြစ်ပွားနေကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်များသည် တရားမဝင်ကြောင်း လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!