BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့...
သတင်းအတု

တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်တင်ရမယ့်ရက် နဲ့ တက္ကသိုလ်တက်ရမယ့်ရက် ကြေငြာပြီ ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ တက္ကသိုလ်တက်ရောက်ရမယ့်ရက်နဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်တင်ရမယ့် ရက်ထွက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 July 2021 8:54 AM IST
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်တင်ရမယ့်ရက် နဲ့ တက္ကသိုလ်တက်ရမယ့်ရက် ကြေငြာပြီ ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို အမှတ်စာရင်းကြည့်ရန် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဇူလိူင်လ ၂၃ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ( ၂၀၂၀ / ၂၀၂၁ ) တက္ကသိုလ်ပညာသင်နှစ်လျှောက်ထားသူများ၊ နေ့သင်တန်း ( Day ) လျှောက်ထားသူများအားလုံး" လို့ အစချီရေးထားပြီး မေဂျာဝင်ခွင့်ရသူတွေကို အောက်တိုဘာလ ပထမ အပါတ်မှာ ကြေငြာပေးမှာဖြစ်ပြီး ဒီဇင်ဘာလ ပထမအပါတ်မှာ ကျောင်းစတင် တက်ရောက်ရမယ်လို့ ရေးထားပါတယ်။ အဝေးသင် တက်ရောက်ခွင့်ရသူတွေကို ဒီဇင်ဘာလထဲ ကြေငြာပေးမှာ ဖြစ်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထား ကျောင်းအပ်ရမယ်လို့ ရေးထားပါတယ်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ်သူတွေအတွက် စက်တင်ဘာလ ၂၁ ရက်နေ့ မှစတင်ကာ ဖောင်တင်ရမယ်လို့ ရေးထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ရေးသားထားတဲ့ တက္ကသိုလ်တက်မယ်ရက်နဲ့ တက္ကသိုလ် ဝင်တန်းဖြေဆိုမယ့်သူတွေ ဖောင်တင်ရမယ့်ရက် ကြေငြာထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီလိုရေးသားထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာအခုလိုကြေငြာထားပါတယ်။

    "(၁) ပုံပါ ဖော်ပြချက်သည် သတင်းမှားသာ ဖြစ်ပါသည်။(၂) ၂၀၂၂ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပါ။ (၃) စာမေးပွဲကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ရန်ရှိပါက အများပြည်သူ သိရှိစေရန် အချိန်နှင့် တစ်ပြေးညီ တရားဝင် ထုတ်ပြန်ကြေညာပေးပါမည်။" လို့ အသိပေးကြေငြာထားပါတယ်။

    မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေငြာချက်ကို ဒီမှာ ဖတ်ပါ။




    Tags

    Fake newsuniversityMatriculation ExaminationCoupသတင်းအတုတက္ကသိုလ်ဝင်တန်း
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ် ရေးသားထားတဲ့ တက္ကသိုလ်တက်မယ်ရက်နဲ့ တက္ကသိုလ် ဝင်တန်းဖြေဆိုမယ့်သူတွေ ဖောင်တင်ရမယ့်ရက် ကြေငြာထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!