BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့...
သတင်းအတု

တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်လက်ခံပြီဆိုတဲ့ သတင်းအတု

တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်တင်ရမယ့်ရက် ကြေငြာထားတဲ့ သတင်းအမှားတွေဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  2 Sept 2021 3:46 PM IST
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ဖောင်လက်ခံပြီဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်းအတွင်းလည်း အဆိုပါ သတင်းအမှားတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ For Education ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက စတင်ထားတာဖြစ်ပြီး အဲ့ဒီသတင်းအမှားထဲမှာ "၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များ တင်ရမှာ ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူများစွာနဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေတဲ့အပြင် တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ရေးသားထားတဲ့ တက္ကသိုလ် ဝင်တန်းဖြေဆိုမယ့်သူတွေ ဖောင်တင်ရမယ့်ရက် ကြေငြာထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီလို ထွက်ပေါ်လာတဲ့ သတင်းအမှားဟာ ယခင်ကလည်း မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်ပြီး ဇူလိူင်လတုန်းကလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒီလို သတင်းအမှားတွေ ပထမ အကြိမ် ထွက်ပေါ်လာစဉ်က မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာအခုလိုကြေငြာထားပါတယ်။ "(၁) ပုံပါ ဖော်ပြချက်သည် သတင်းမှားသာ ဖြစ်ပါသည်။(၂) ၂၀၂၂ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပါ။ (၃) စာမေးပွဲကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ရန်ရှိပါက အများပြည်သူ သိရှိစေရန် အချိန်နှင့် တစ်ပြေးညီ တရားဝင် ထုတ်ပြန်ကြေညာပေးပါမည်။" လို့ အသိပေးကြေငြာထားပါတယ်။

    ဇူလိုင်လ ခန့်က ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။

    အခု လက်ရှိအချိန်မှာလည်း ကိုရိုနာရောဂါ ကပ်ဘေးကြောင့် စစ်ကောင်စီက ကျောင်းတွေ၊ ရုံးတွေပိတ်တယ်လို့ ကြေငြာထားတဲ့ ကာလဖြစ်ပြီး ဖောင်တင်ရမယ့် နေရာတွေကိုလည်း ကြေငြာထားခြင်း မရှိသလို ဌာနဆိုင်ရာတွေလည်း ပိတ်ထားဆဲဖြစ်ပါတယ်။

    အကယ်၍ တက္ကသိုလ်ဝန်တန်း ဖြေဆိုရမယ်ဆိုရင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ Facebook Page ကနေ တရားဝင်ကြေငြာပေးမယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ပေ့ချ်မှာ အခုအချိန်ထိ တစ်စုံတစ်ရာ ကြေငြာထားခြင်း မရှိသေးပါဘူး။ စာစစ်ဦးစီးဌာနရဲ့ Page ကို ဒီမှာ ကြည့်ပါ။

    Tags

    fake newsdate to applymatriculation examinationCovid 19Coupသတင်းအတုတက္ကသိုလ်ဝင်တန်း
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ် ရေးသားထားတဲ့ တက္ကသိုလ် ဝင်တန်းဖြေဆိုမယ့်သူတွေ ဖောင်တင်ရမယ့်ရက် ကြေငြာထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!