BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို တစ်ရက်အတွင်းလွှတ်ပေးဖို့ တရုတ်သမ္မတပြောတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်ပေးဖို့ တရုတ်သမ္မတပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 March 2023 11:48 AM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို တစ်ရက်အတွင်းလွှတ်ပေးဖို့ တရုတ်သမ္မတပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Bro Than ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၂ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တရုတ်သမ္မတရဲ့ ဓါတ်ပုံတစ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံတစ်ပုံရယ်၊ တရုတ်သမ္မနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တရုတ်သမ္မတထုတ်ပြန်ချက်၊ အမေစုနဲ့ သမ္မတကို ၁ ရက်အတွင်းလွှတ်ပါ။ မလိုက်နာပါက NUG ကို ကူညီရလိမ့်မယ်တဲ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာတော့ “၁ ရက်အတွင်း အာဏာလွဲကိန်း၊ တရုတ်သမ္မတကိုယ်တိုင် ဖိအားပေးနေ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ကို ၁ ရက်အတွင်းလွှတ်ဖို့ တရုတ်သမ္မတက ပြောပြီး ပြန်မလွှတ်ပါက NUG ကို ကူညီမယ်လို့ ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    တရုတ်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ဖို့ ပြောထားခြင်း မရှိသလို NUG ကို ကူညီမယ်လို့လည်း ပြောထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တိုက်ပွဲသတင်း၊ စစ်ရေးသတင်းတွေသာ ဖော်ပြထားပါတယ်။ တရုတ်သမ္မတက ပြောထားတယ်ဆိုတဲ့ အရာတွေ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsChinese Presidentto releaseMilitaryCoupစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   တရုတ်သမ္မတထုတ်ပြန်ချက်၊ အမေစုနဲ့ သမ္မတကို ၁ ရက်အတွင်းလွှတ်ပါ။ မလိုက်နာပါက NUG ကို ကူညီရလိမ့်မယ်တဲ့
    Claimed By :  Facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!