BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ကာချုပ် နဲ့ ဒုချုပ်တို့...
သတင်းအတု

စစ်ကောင်စီ ကာချုပ် နဲ့ ဒုချုပ်တို့ ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုချုပ်စိုးဝင်းတို့ ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  15 April 2024 9:05 PM IST
  • စစ်ကောင်စီ ကာချုပ် နဲ့ ဒုချုပ်တို့ ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၁၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ လက်အုပ်ချီထားတဲ့ ညစ်ပေနေတဲ့ စစ်သားတစ်ယောက်ရဲ့ပုံရယ်၊ KIA က လက်ရဖမ်းဆီးမိတဲ့ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းက ဗျူဟာမှူးဆိုသူရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေ အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “နေပြည်တော် စစ်ရုံးချုပ် ထပ်မံဗုံးကြဲခံရ။ မင်းအောင်လှိုင်နဲ့ စိုးဝင်းအဖွဲ့ ရုရှားကိုပြေးပြီတဲ့။ ဗိုလ်ချုပ်အချို့ NUG နဲ့ ပူးပေါင်းပြီလို့ ကြေညာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၁၃၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုချုပ်စိုးဝင်းတို့ ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    စစ်ကောင်စီ ဗိုလ်ချုပ်တွေရောက်ရှိနေတဲ့ နေရာတွေကို ဒီရက်ပိုင်းအတွင်း ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ၊ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုတွေ ရှိနေပြီး ဒုချုပ်စိုးဝင်း ထိခိုက်မှု ရှိခဲ့တယ်လို့ သတင်းမီဒီယာ တစ်ချို့မှာ ဖော်ပြထားပေမယ့် တိကျတဲ့ အချက်အလက်တစ်စုံတစ်ရာ မရရှိသေးပါဘူး။ ဒါပေမယ့် ဒုချုပ်စိုးဝင်းက ပြည်တွင်းမှာသာ ရှိနေသေးပါတယ်။

    ဒါ့အပြင် ပြင်ဦးလွင် စစ်တက္ကသိုလ် သကြန်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံထားရပြီး ကာချုပ်ဖြစ်သူ မင်းအောင်လှိုင်ကို ထိခိုက်ခြင်းတော့ တစ်စုံတစ်ရာ မရှိပါဘူး။ စစ်ကောင်စီ ကာချုပ်ရော၊ ဒုချုပ်ပါ ပြည်တွင်းမှာသာ ရှိနေပြီး ရုရှားကို ထွက်ပြေးသွားခြင်းလည်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsChief of the MilitaryDeputy Chieffled to Russiaသတင်းအတုစစ်ကောင်စီရုရှားကိုထွက်ပြေး
    Read Full Article
    Claim :   မင်းအောင်လှိုင်နဲ့ စိုးဝင်းအဖွဲ့ ရုရှားကိုပြေးပြီတဲ့။ ဗိုလ်ချုပ်အချို့ NUG နဲ့ ပူးပေါင်းပြီလို့ ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!