ဦးသန်းဌေးကို US ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားထားတယ်ဆိုတဲ့ သတင်းအတု

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရားဝင် ဖိတ်ကြားထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရားဝင် ဖိတ်ကြားထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

၎င်း သတင်းအမှားကို ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၄ ရက်နေ့က ရေးတင်ထားတာ ဖြစ်ပြီပြီး အဆိုပါ သတင်းအမှားထဲမှာ "ဝမ်းသာစရာသတင်းပါ။ ဥက္ကဌကြီးဦးသန်းဌေးကိုအမေရိကန်စစ်ဦးစီးချုပ်က လက်ရှိအရေးဆွေးနွေးအဖြေရှာဖို့ တရားဝင်ဖိတ်ကြားထားပါသည်။ ဒေါ်လာ ၂သန်းနဲ့ဌားထားတဲ့လော်ဘီအဖွဲ့၏ ပြောကြားမှုကို အမေရိကန်ကာကွယ်ရေးဦးစီးချုပ်က ၈၀%ခိုင်နှုန်းလက်ခံနေပြီဖြစ်သည်။ ဒီဖိတ်ကြားမှုခရီးစဉ်ကအပြန်မှာ ဘာလင်မြို့ကခံတပ်ကို ၂ ရက်ကြာသွားရောက်လည်ပါတ်မယ်လို့သိရပါသည်။သင်္ကြန်မတိုင်ခင် အောင်ပွဲခံနိုင်ရမယ်လို့ကတိပေးထားတဲ့အတိုင်း တကယ်လုပ်နေပါပြီ။ ပါတီအစည်းအဝေးကသိရတဲ့အတွင်းသတင်းပါ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးက လက်ရှိအရေး အဖြေရှာဖို့ တရားဝင် ဖိတ်ကြားထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်သတင်းအတု သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

လက်ရှိမှာအမေရိကန်ဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အပြင် စစ်တပ်နဲ့ဆက်နွယ်နေသူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေတိုးမြှင့်လုပ်ဆောင်နေသလို စစ်တပ်အသိုင်းအဝိုင်းနဲ့ပတ်သက်ဆက်စပ်မှုတွေကိုရှောင်ကျဉ်ထားတာဖြစ်ပါတယ်။ဒါ့ပြင်လက်ရှိသတင်းနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးအုပ်စုကိုသော်လည်းကောင်း၊ စစ်တပ်အသိုင်းအဝိုင်းကိုသော်လည်းကောင်း အမေရိကန်လွှတ်တော်ကိုဖိတ်ခေါ်မယ်ဆိုတဲ့သတင်းအစအနတောင်မရှိထားသလို ဖြစ်နိုင်ခြေရှိတဲ့ချိတ်ဆက်မှုးမျိုတွေလည်းမရှိသေးပါဘူး။

အခု ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ အကြောင်းအရာဟာ ယခင်ဖြန့်ဝေလေ့ရှိတဲ့သတင်းတု သတင်းမှားတွေပုံစံအတိုင်း အခြေအမြစ်၊အကိုးအကားမရှိတဲ့အကြောင်းအရာကို စိတ်ကူးယဉ်ဆန်ဆန် ဝါဒဖြန့်ရေးသားထားတာမျိုးဖြစ်ပါတယ်။

Updated On: 2021-04-22T12:04:12+05:30
Claim Review :   ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးက လက်ရှိအရေး အဖြေရှာဖို့ တရားဝင် ဖိတ်ကြားထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story