BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CB ဘဏ်နဲ့ ဧရာဝတီဘဏ်...
သတင်းအတု

CB ဘဏ်နဲ့ ဧရာဝတီဘဏ် ဒေဝါလီခံဖို့ကြေညာတယ် ဆိုတဲ့ သတင်းအတု

အာဏာသိမ်းပြီးကာစ ဘဏ်တွေနဲ့ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေဖြန့်ခဲ့တဲ့ပုံစံအတိုင်း အခုရက်ပိုင်းအတွင်းမှာလည်းဒီလိုသတင်းတုတွေ ဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

By - Boom Live Myanmar |
Published -  31 May 2023 7:36 AM IST
  • CB ဘဏ်နဲ့ ဧရာဝတီဘဏ် ဒေဝါလီခံဖို့ကြေညာတယ် ဆိုတဲ့ သတင်းအတု

    ဒီတစ်ခေါက်ဖြန့်ဝေတဲ့ သတင်းအတုမှာ “CB နဲ့ ဧရာဝတီဘဏ် ဒေဝါလီခံဖို့ဗဟိုဘဏ်ကြေငြာတယ်ဆိုပြီးရေးသားဖြန့်ဝေထားသလို အဆိုပါ သတင်းအတုကို News BTN ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၃၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။

    အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “CB နဲ့ ဧရာဝတီဘဏ် တေဝါလီခံဖို့ဗဟိုဘဏ်ကြေငြာ” (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်တွေပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၇၀၀၀ ကျော်ရှိကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    CB ဘဏ်နဲ့ ဧရာဝတီဘဏ် ဒေဝါလီခံဖို့ ဗဟိုဘဏ်က ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    CB နဲ့ ဧရာဝတီဘဏ်တွေဟာ ဒေဝါလီခံခြင်း မရှိသလို ဗဟိုဘဏ်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။ ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားတာဖြစ်ပါတယ်။

    အလားတူသတင်းတစ်ပုဒ်ကို ပြီးခဲံတဲ့ ရက်ပိုင်းအတွင်းကလည်း သတင်းတု သတင်းမှားတွေဖြန့်တဲ့ ပေ့ချ်တစ်ခုကဖြန့်ဝေခဲ့ပါသေးတယ်။ အဲ့ဒီသတင်းမှာတော့ KBZ ဘဏ် ၁၅ခုပိတ်သိမ်းခံရတယ်လို့ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsCentral bank of MyanmarBankruptcyCB BankAyeyarwaddy BankMilitaryCoupCB ဘဏ်ဧရာဝတီဘဏ်ဒေဝါလီခံဗဟိုဘဏ်သတင်းအတု
    Read Full Article
    Claim :   CB ဘဏ်နဲ့ ဧရာဝတီဘဏ်ကို ဒေဝါလီခံဖို့ ဗဟိုဘဏ်ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!