BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကို စစ်ရေး အကူအညီပေးဖို့...
သတင်းအတု

NUG ကို စစ်ရေး အကူအညီပေးဖို့ ဗြိတိန်အစိုးရ ကြေညာတယ် ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို စစ်ရေးအကူအညီပေးဖို့ သဘောတူကြောင်း ဗြိတိန်အစိုးရက ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 July 2023 10:11 AM IST
  • NUG ကို စစ်ရေး အကူအညီပေးဖို့ ဗြိတိန်အစိုးရ ကြေညာတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Spicy Mix ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဇူလိုင်လ ၂၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ (၇) မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ NUG ယာယီသမ္မတရဲ့ ဓါတ်ပုံရယ် ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဓါတ်ပုံရယ်ကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ အထူးသတင်းကောင်း NUG ကို စစ်ရေးကူညီဖို့ မှုအားဖြင့် သဘောတူ၊ ဗြိတိန်အစိုးရ ကြေညာ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “NUGကို စစ်ရေးအကူညီပေးဖို့ သဘောတူ” လို့ ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    NUG ကို စစ်ရေးအရ ကူညီပေးဖို့ သဘောတူကြောင်း ဗြိတိန်အစိုးရက ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဗြိတိန်အစိုးရက မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားကြောင်း ယူကေ မြန်မာဖွံဖြိုးရေးဆိုင်ရာ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖေါ်ပြထားပါတယ်။

    ဒီအကူအညီပေးမှုဟာ မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေနဲ့ အကူအညီ လိုအပ်နေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ၊ စားနပ်ရိက္ခာအကူအညီအပြင် ကျားမတန်းတူရေး၊ မသန်စွမ်းသူတွေ စောင့်ရှောက်ရေး အစီအစဉ်တွေမှာ အသုံးပြုဖို့ ကူညီထောက်ပံ့မှာ ဖြစ်ပြီး စစ်ရေးအရ ထောက်ပံ့မှာ မဟုတ်ပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ထောက်ပံ့မယ် သတင်းကို စစ်ရေးအရ ကူညီမယ်လို့ လိမ်ညာဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဗြိတိန်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေါင်သန်း ၃၀ ပေးမယ်ဆိုတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    မြန်မာနိုင်ငံအတွက် အကူအညီ ပေါင်ငွေသန်း ၃၀ ကျော် ဗြိတိန်အစိုးရ အတည်ပြု

    သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ အဆိုပါ Video ထဲမှာ တစ်ခြားသတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကို ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsthe British governmentmilitary aidNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   NUG ကို စစ်ရေး အကူအညီပေးဖို့ ဗြိတိန်အစိုးရ ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!