BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်း ဥပဒေ အသက်မဝင်ခင် ရန်ကုန်...
သတင်းအတု

စစ်မှုထမ်း ဥပဒေ အသက်မဝင်ခင် ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီဆိုတဲ့ သတင်းအတု

စစ်မှုထမ်းဥပဒေ အသက်မဝင်ခင် ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Feb 2024 8:55 PM IST
  • စစ်မှုထမ်း ဥပဒေ အသက်မဝင်ခင် ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီဆိုတဲ့ သတင်းအတု
    Listen to this Article

    အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပါဝင်တဲ့ ဓါတ်ပုံတွေရယ် မြို့ပေါ်က လမ်းမပေါ်မှာ မီးလောင်နေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “စစ်မှုထမ်း ဥပဒေ အသက်မဝင်ခင် ရန်ကုန်မြို့ သိမ်းပွဲစပြီ။ မင်းအောင်လှိုင် ဒီလထဲ သေမှ ရမယ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၅၇၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်မှုထမ်းဥပဒေ အသက်မဝင်ခင် ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် လူငယ်အများစုက စိုးရိမ်ထိတ်လန့်ကာ နိုင်ငံခြားသွားဖို့ ပြင်ဆင်တာတွေ၊ လွတ်မြောက်နယ်မြေကိုသွားပြီးတော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ဖို့ စာရင်းပေးတာတွေ ရှိနေပြီး လူထုကြားစိုးရိမ်မှု မြင့်တက်နေပါတယ်။

    ရန်ကုန်တိုင်း PDF ထဲ ဝင်ရောက်ဖို့ စာရင်းပေးသူဟာလည်း ထောင်ဂဏာန်းကျော်ရှိနေပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းမရှိသလို မြို့သိမ်းတိုက်ပွဲလည်း ဖော်ဆောင်နေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့်တော်လှန်ရေးတပ်ဖွဲ့ကမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsbattleseizeYangonconscription lawသတင်းအတုစစ်မှုထမ်းဥပဒေမြို့သိမ်းတိုက်ပွဲ
    Read Full Article
    Claim :   စစ်မှုထမ်း ဥပဒေ အသက်မဝင်ခင် ရန်ကုန်မြို့ သိမ်းပွဲစပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!