BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တပ်တွင်းမဲရုံမှ မဲများကို...
သတင်းအတု

တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ် ဆိုတဲ့ သတင်းအမှား

ဒီရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင် နာမည် အသုံးချပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ချို့ ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  28 July 2020 10:40 AM IST
  • တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Red Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီ မှာ တင်ထားတာဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ တပ်တွင်းမဲရုံအချို့အပြင်မထုတ်ဟုပြောသည့်ကိစ္စ ရွှေး/ကော်ကလည်း တပ်ပြင်မထုတ်သည့် မဲရုံမှမဲများကို ပယ်မဲအဖြစ်သတ်မှတ်မည်" လို့ ရေးသားဖြန့်ဝေထားပါတယ်။

    ၎င်း သတင်းအမှားကို လူ ၁၀၀ ကျော်က ထပ်ဆင့်မျှဝေထားပြှီး တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြန်တင်ထားကြပါတယ်။ဒီသတင်းအမှားဟာ လူမှုကွန်ယက်ပေါ်မှာ လူပေါင်း ၅၀၀၀ ကျော်က ထပ်ဆင့်မျှဝေနေပြီး လူပေါင်း သိန်း ဂဏန်းခန့်ထိကို ပျံနှံ့နေပါတယ်။


    သတင်းဆန်းစစ်ချက်

    Red Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ တပ်ပြင်ပ မထုတ်တဲ့ မဲရုံတွေကို ပယ်မဲအဖြစ် သက်မှတ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    အဆိုပါ သတင်းနဲ့ ပက်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးမြတ်ထွန်းဦးက သတင်းအမှားသာ ဖြစ်တယ်လို့ Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

    ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်း သတင်းနဲ့ ပက်သက်ပြီး ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းအမှားဖြစ်ကြောင်း အခုလို ထုတ်ပြန်ခဲ့ပါတယ်။

    "သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်၊ လူမှုကွန်ရက်စာမျက်နှာ ( Facebook ) တွင် ပျံ့နှံ့လျက်ရှိသည့် "တပ်ပြင် မထုတ်သည့် မဲရုံများမှ မဲများကို ပယ်မဲအဖြစ် သတ်မှတ်မည်ဟု ရွေးကောက်ပွဲကော်မတီမှ ပြော။ ref : ရဲဇော်" ဟု ဖော်ပြလျက်ရှိသည့် သတင်းသည်သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်"

    ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။

    အဆိုပါ သတင်းအမှား ကို ဖြန့်ဝေခဲ့သူ Red Zaw ဆိုတဲ့ အကောင့်ကို ဝင်ရောက် လေ့လာကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထာခြင်း မရှိတဲ့ အကောင့်ပုန်းတစ်ခု ဖြစ်တာကို တွေ့ရှိရပြီး ၎င်းရဲ့ ပထမ အသုံးပြုခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့် "ရဲဇော်" နဲ့ သတင်းအမှားပေါင်း များစွာကို ဖြန့်ဝေခဲ့ပြီး ယခု Red Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုနဲ့ သတင်းအမှားတွေ ထပ်မံဖြန့်ဝေနေတာကို တွေ့ရပါတယ်။


    အဆိုပါ သတင်းအမှား ကို ဖြန့်ဝေခဲ့သူ Red Zaw ဆိုတဲ့ အကောင့်ကို ဝင်ရောက် လေ့လာကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထာခြင်း မရှိတဲ့ အကောင့်ပုန်းတစ်ခု ဖြစ်တာကို တွေ့ရှိရပြီး ၎င်းရဲ့ ပထမ အသုံးပြုခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့် "ရဲဇော်" နဲ့ သတင်းအမှားပေါင်း များစွာကို ဖြန့်ဝေခဲ့ပြီး ယခု Red Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုနဲ့ သတင်းအမှားတွေ ထပ်မံဖြန့်ဝေနေတာကို တွေ့ရပါတယ်။



    Tags

    fake newsthe ballots at the military polling stationUnion Election CommissionUECသတင်းအမှားတပ်တွင်းမဲရုံမှ မဲများပယ်မဲအဖြစ်သတ်မှတ်ရွေးကောက်ပွဲကော်မရှင်
    Read Full Article
    Claim :   Red Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ တပ်ပြင်ပ မထုတ်တဲ့ မဲရုံတွေကို ပယ်မဲအဖြစ် သက်မှတ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!