BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အာရက္ခတပ်တော် က RSO အဖွဲ့ကို...
      သတင်းအတု

      အာရက္ခတပ်တော် က RSO အဖွဲ့ကို နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ခေါ်သွင်းလာတယ်ဆိုတဲ့ သတင်းအတု

      အာရက္ခတပ်တော် AA က RSO အဖွဲ့ကို မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ခေါ်သွင်းလာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  14 April 2024 5:47 PM IST
    • အာရက္ခတပ်တော် က RSO အဖွဲ့ကို နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ခေါ်သွင်းလာတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်က Jumona Tv ရုပ်သံသတင်းဌာနက ဖော်ပြထားတဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ထဲမှာ RSO အဖွဲ့နဲ့ သတင်းထောက် မေးမြန်းနေတာသာ ပါဝင်ပါတယ်။ ဒီ Video နဲ့အတူ AA အဖွဲ့က RSO အဖွဲ့ကို ၎င်းတို့ သိမ်းပိုက်ထားတဲ့ နှစ်နိုင်ငံနယ်စပ် နေရာကနေ ခေါ်သွင်းလာတဲ့ရုပ်သံ ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး AA နဲ့အတူ တိုက်ခိုက်ပေးပါက ဘူးသီးတောင်၊မောင်တောကို RSO အဖွဲ့ကိုပေးပြီး အုပ်ချုပ်ခိုင်းမှာဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်ခေါ်သွင်းပေးကာ နိုင်ငံသားပေးမှာ ဖြစ်တယ်လို့ သဘောတူထားကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် AA နဲ့ RSO က ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေအပေါ် ငွေနဲ့ ရိက္ခာ အဓ္ဓမတောင်းယူတာတွေ၊ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေပြီး မပေးပါက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ် အကောင့်ပေါင်းများစွာနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      အာရက္ခတပ်တော် AA က RSO အဖွဲ့ကို မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ခေါ်သွင်းလာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      အာရက္ခတပ်တော် AA နဲ့ RSO တို့ကြား တင်းမာမှုတွေ ရှိနေပြီး လက်ရှိအချိန်ထိ ပူးပေါင်း ဆောင်ရွက်နေခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ Video ဟာလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံက သတင်းထောက်နဲ့ RSO အဖွဲ့တို့ သာ ပါဝင်ပြီး AA အဖွဲ့က တစ်စုံတစ်ယောက် ပါဝင်နေခြင်း မရှိပါဘူး။ Jumona Tv ရုပ်သံသတင်းထောက်က RSO အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို သွားရောက် ရိုက်ကူးတင်ဆက်ထားခြင်းသာဖြစ်ပါတယ်။

      ဒါ့အပြင် RSO အဖွဲ့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေသာ ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ချ် ၂ နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတာ ဆယ်စုနှစ်တွေတိုင်အောင် ရှိနေခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ RSO ကို AA က ခေါ်သွင်းလာတယ်ဆိုတာလည်း သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

      ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက အထိနာလာတဲ့အတွက် အာရက္ခတပ်တော် (AA) အပေါ်ကို လူမျိုးရေး၊ ဘာသာရေးအမုန်းတရားဖြန့်ချီမှုတွေ အဆက်မပြတ်ရှိလာခဲ့ပြီး အခုလို သတင်းအမှားဖြန့်ထားတာပဲ

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Tags

      Fake newsArakan ArmyRSOMyanmar-Bangladesh borderသတင်းအတုအာရက္ခတပ်တော်စစ်ကောင်စီ
      Read Full Article
      Claim :   AA မှ RSO အား ၎င်းတို့ သိမ်းပိုက်ထားသည့် နှစ်နိုင်ငံနယ်စပ် နေရာမှနေ၍ ခေါ်သွင်းလာသည့်ရုပ်သံ
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!