BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အင်းစိန်ထောင်ထဲမှာ သရုပ်ဆောင်လူမင်း...
သတင်းအတု

အင်းစိန်ထောင်ထဲမှာ သရုပ်ဆောင်လူမင်း အသတ်ခံရတယ် ဆိုတဲ့ သတင်းအတု

အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါ၀င်ခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ အင်းစိန်ထောင်ထဲမှာ အသတ်ခံရတယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Jun 2021 3:35 PM IST
  • အင်းစိန်ထောင်ထဲမှာ သရုပ်ဆောင်လူမင်း အသတ်ခံရတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို "အရေးတော်ပုံ A Yay Taw Pon" ဆိုတဲ့ နာမည်နဲ့ ပြုလုပ်ထားတဲ့ YouTube အကောင့်တစ်ခုက ဇွန်လ ၁၅ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး ၎င်း Video ကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ ဖြန့်ဝေထားပါတယ်။

    ၎င်း Video ဟာ ၁၅ မိနစ်နဲ့ ၂၄ စက္ကန့် ကြာမြင့်ပြီး Video ရဲ့ ခေါင်းစဉ်မှာ "အင်းစိန်ထောင်ထဲမှာ အသတ်ခံလိုက်ရတဲ့ မင်းသားလူမင်း" လို့ ရေးသားထားပါတယ်။ အဲ့ဒီ Video ကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ လူပေါင်းများစွာက ပြန်လည် ဝေမျှထားပြီး YouTube မှာ ဝင်ရောက် ကြည့်ရှု့သူ ၆ သောင်းနီးပါး ရှိနေပါတယ်။

    မူရင်း ဖြန့်ဝေထားတဲ့ သတင်းအမှား video ကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    A Yay Taw Pon ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ ရုပ်ရှင် သရုပ်ဆောင် လူမင်းဟာ အင်းစိန်ထောင်ထဲမှာ အသတ်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ Video ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ ၁၅ ကျော်ကြာမြင့်တဲ့ Video ဟာ သရုပ်ဆောင် လူမင်း အသတ်ခံရတယ်လို့ ခေါင်းစဉ်တပ်ပြီး ဖြန့်ဝေထားပေမယ့် အထဲမှာ ပါရှိတဲ့ အကြောင်းအရာတွေကတော့ အကယ်ဒမီ သရုပ်ဆောင် လူမင်းအကြောင်း တစ်ခုမှ မပါဝင်ပါဘူး။ အဲ့ဒီ Video ထဲမှာ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ပန်းပဲတန်းမြို့နယ်က NLD ပါတီဝင် ဦးခင်မောင်လတ်၊ ရွှေပြည်သာ မြို့နယ်က စုအသက်မွေးဝမ်းကြောင်း ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်း နဲ့ ကဗျာဆရာ ခက်သီအပါအဝင် တခြားဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားသူတွေအကြောင်း စုပြီး နောက်ခံ စကားပြောနဲ့ သတင်းပြုလုပ်ထားတဲ့ Video သာ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် လူမင်းဟာ အင်းစိန်ထောင်ထဲမှာ ကျန်းမာစွာ ရှိနေကြောင်း၊ စစ်ကောင်စီက ဆက်လက် ရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို လုံးဝလက်မခံကြောင်း ၎င်းနဲ့ အခန်းချင်းကပ် နေခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီခီတဇုမီ က ပြန်လည်လွတ်မြောက် လာတဲ့ အခါမှာ ပြောကြားထားပါတယ်။

    ဂျပန်သတင်းထောက် ယူကီခီတဇုမီ ပြောပြတဲ့ သရုပ်ဆောင် လူမင်းအကြောင်း ဒီမှာဖတ်ပါ။

    ဒီလို လူအများစိတ်ဝင်စားအောင် လိမ်ညာထားတဲ့ ခေါင်းစဉ်တွေနဲ့ YouTube Video တွေ ဟာ ဝင်ရောက် ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေကြတာပြီး ကြည့်ရှု့သူများလာတဲ့အခါ YouTube က ပြန်ရတဲ့ ဝင်ငွေနဲ့ စီးပွားရှာနေတဲ့ Video တွေသာ ဖြစ်ပါတယ်။

    Tags

    Fake newsactor Lu MinInsein PrisonCoupMilitaryသတင်းအတုအင်းစိန်ထောင်
    Read Full Article
    Claim :   A Yay Taw Pon ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ ရုပ်ရှင် သရုပ်ဆောင်လူမင်းဟာ အင်းစိန်ထောင်ထဲမှာ အသတ်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!