BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းဝန်ကြီးချုပ် ပရာယွတ်...
သတင်းအတု

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဖြုတ်ချခံရတယ် ဆိုတဲ့ သတင်းအတု

ထိုင်းနိုင်ငံ အာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာ ရာထူးက ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Jun 2023 4:29 PM IST
  • ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဖြုတ်ချခံရတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Emogene ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၇ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာနေသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံရယ်ကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “၂၈ ရက်နေ့ မနက် (၈) နာရီခွဲ သတင်းထူး၊ ထိုင်းစစ်တပ် ငါးပါးမှောက်ပြီ၊ ပရာယွတ် ဖြုတ်ချခံရပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံ အာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ် ဖြုတ်ချခ့ရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတာကို တွေ့ရပါတယ်။

    ထိုင်းစစ်ဗိုလ်ချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေကို စိတ်ကြိုက် ပြုပြင်ပြီး အရပ်သားဝန်ကြီးချုပ်အဖြစ် အသွင်ပြောင်းအုပ်ချုပ်နေသူဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဝန်ကြီးတာဝန်ကို ယူထားဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ Move Forward Party ကို ရှုံးနှိမ့်ထားပါတယ်။

    လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ အများစိတ်ဝင်စာ စောင့်ကြည့်ခံနေရတဲ့ အခြေအနေဖြစ်ပြီး စစ်တပ်က နောက်တစ်ကြိမ် အာဏာထပ်သိမ်းမှာကို စိုးရိမ်မှုတစ်ချို့ရှိနေပါတယ်။ Move Forward Party က အစိုးရဖွဲ့နိုင်ဖို့ ပါတီ (၈) ခုနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ကြိုးပမ်းနေပြီး၊ တစ်ဖက်မှာလည်း ပြိုင်ဖက်တစ်ချို့က ဝန်ကြီးချုပ်လောင်း ဖြစ်လာမယ့် ဖိထာကို အရေးယူတာ ဖို့ ကန့်ကွက်လွှာတွေ တင်သွင်းနေပါတယ်။

    သန်းနဲ့ချီတဲ့ ပြည်သူတွေကလည်း ဖိထာကို ဝန်ကြီးချုပ်ဖြစ်လာဖို့ မျှော်လင့်နေကြပြီး စစ်တပ်ထောက်ခံသူ အမတ်တွေရဲ့ တိုင်းကြားမှုကြောင့် အရေးယူခံရရင် သို့မဟုတ် ပါတီဖျက်သိမ်းခံရရင် ထိုင်းနိုင်ငံအနှံ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို ပြန်လည်ကြုံတွေ့ရနိုင်ပြီး ၊ ကိုဗစ်အလွန်ကာလမှာ ပြန်လည်ဦးမော့လာတဲ့ စီးပွားရေးကလည်း ပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆန္ဒပြပွဲတွေအတွက် ထိုင်းရဲတပ်ဖွဲ့ကလည်း အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းနေပါတယ်။

    မြန်မာနောင် သတင်းဌာနက ဖော်ပြထားတဲ့ ထိုင်းနိုင်ငံအရေး လေ့လာသုံးသပ်ချက် ဆောင်းပါးကို အောက်ပါ link မှာ ဖတ်ပါ။

    ရွေးကောက်ပွဲအလွန် “ရိုလာကို့စ်စတာ” ဆန်သော ထိုင်းနိုင်ငံရေး

    လက်ရှိထိုင်းနိုင်ငံမှာ ပရာယွတ်ဟာ ဝန်ကြီးတာဝန်ယူထားဆဲဖြစ်ပြီး Move Forward Party တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဖွဲ့စည်းနိုင်ပြီး ဖိထာ ဝန်ကြီးချုပ်ဖြစ်လာမှသာ ပရာယွတ်ကို ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake NewsThaiMilitaryCoupPrime Minister of ThailandPrayut Chan-o-chaMove Forward PartyPita Limjaroenratသတင်းအတုထိုင်းစစ်တပ်အာဏာသိမ်းထိုင်းဝန်ကြီးချုပ်
    Read Full Article
    Claim :   ထိုင်းစစ်တပ် ငါးပါးမှောက်ပြီ၊ ပရာယွတ် ဖြုတ်ချခံရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!