BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်နယ်ထရမ့်ကို မဲပေးတဲ့...
      သတင်းအတု

      ဒေါ်နယ်ထရမ့်ကို မဲပေးတဲ့ ပြည်နယ်တွေကို သပိတ်မှောက်မယ်လို့ တေလာဆွစ်ပြောတယ်ဆိုတဲ့ သတင်းအတု

      အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို မဲပေးတဲ့ ပြည်နယ်တွေကို သပိတ်မှောက်မယ်လို့ တေလာဆွစ်ဖ်ပြောတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  29 Nov 2024 8:38 PM IST
    • ဒေါ်နယ်ထရမ့်ကို မဲပေးတဲ့ ပြည်နယ်တွေကို သပိတ်မှောက်မယ်လို့ တေလာဆွစ်ပြောတယ်ဆိုတဲ့ သတင်းအတု

      ဒီသတင်းအတုကို အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ်အနိုင်ရပြီးနောက် လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တေလာဆွစ်ဖ်ရဲ့ ဓါတ်ပုံနဲ့ ရွေးကောက်ပွဲမှာ မဲအနိုင်ရလို့ အနီရောင်ဖြစ်သွားတဲ့ မြေပုံတစ်ခုရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ထရမ့်ကို မဲပေးခဲ့တဲ့ အနီရောင် ပြည်နယ်တွေကို Boycott မယ်လို့” ရေးသားထားပါတယ်။ တစ်ချိုကရေးသားဖြန့်ဝေမှုတွေမှာတော့ ထရမ့်ကို မဲပေးခဲ့တဲ့ ပြည်နယ်တွေကို Taylor Swift က သီဆို ဖျော်ဖြေမှာ မဟုတ်တော့ဘူးလို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို လူမှုကွန်ယက် သုံးစွဲသူ များစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို မဲပေးတဲ့ ပြည်နယ်တွေကို သပိတ်မှောက်မယ်လို့ တေလာဆွစ်ဖ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

      Taylor Swift ၂၀၂၄ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Kamala Harris ကိုထောက်ခံ ကြောင်း ကြေညာထားခဲ့ပါတယ်။ ဒါပေမယ့် တေလာဆွစ်ဖ် အနေနဲ့ ထရမ့် မဲအနိုင်ရခဲ့တဲ့ ပြည်နယ်တွေကို သပိတ်မှောက်မယ်လို့ ပြောဆိုထားခြင်းလည်း မရှိပါဘူး။

      တေလာဆွစ်ဖ်ဟာ ထရမ့်အနိုင်ရခဲ့တဲ့ ပြည်နယ်တွေမှာ ဂီတဖျော်ဖြေပွဲတွေ ရှိနေပြီး ပွဲစဉ်တွေ ဖျက်သိမ်းဖို့ တစ်စုံတစ်ရာ ကြေညာခြင်းလည်းမရှိသလို ထုတ်ဖော်ပြပြောဆိုထားခြင်းလည်း မရှိပါဘူး။

      ဒီအကြောင်းအရာဟာ Website တစ်ခုက လူအများဝင်ကြည့်အောင် သရော်စာပုံစံနဲ့ အာရုံလှည့်စားပြီး စတင်ထားခဲ့တာ ဖြစ်ပြီး ကောလဟာလ အဖြစ်နဲ့ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။

      Read Full Article
      Claim :   Taylor Swift Announces Boycott of Red States
      Claimed By :  Facebook, X, Threads
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!