
ဦးတေဇကို လက်နက်ပွဲစားမှုနဲ့ ဗြိတိန်နိုင်ငံက ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအတု
ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇကို လက်နက်ပွဲစားမှုနဲ့ ဗြိတိန်နိုင်ငံက ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို သတင်းအမှားတွေဖြန့်ပြီး ဝင်ငွေရှာလေ့ရှိတဲ့ Website တစ်ခုက တင်ထားတာဖြစ်ပြီး ၎င်းသတင်းအမှားကို Burmese Daily news ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုမှာ ပြန်ပြီး ဖြန့်ဝေထားပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဦးတေဇ တရားမဝင် လက်နက်ပွဲစားမှုနဲ့ ပါသွားပြီ" လို့ ရေးထားပြီး Youtube Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ဟာ နောက်ခံစကားပြောနဲ့ သတင်းကြေငြာတဲ့ပုံစံ ပြုလုပ်ထားပြီး ဦးတေဇရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ ဓါတ်ပုံရဲ့ အပေါ်မှာတော့ "ဦးတေဇကို လက်နက်ပွဲစားမှုနဲ့ ဗြိတိန်နိုင်ငံမှ ဖမ်းဆီးလိုက်ပြီ" လို့ ရေးထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ ထူးအုပ်စု ကုမ္ပဏီပိုင်ရှင် ဦးတေဇကို လက်နက်ပွဲစားမှုနဲ့ ဗြိတိန်နိုင်ငံက ဖမ်းဆီးလိုက်ပြီဆိုအကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။
ဦးတေဇကို စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အတွက် ဗြိတိန်နိုင်ငံက စက်တင်ဘာလ ၂ ရက်နေ့မှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒီလိုအရေးယူတာဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းသာဖြစ်ပြီး ဗြိတိန်နိုင်ငံက ဖမ်းဆီးထားတယ်ဆိုတာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
ဦးတေဇကို ဗြိတိန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ အရေးယူတဲ့ သတင်းကို ဒီမှာဖတ်ပါ။
ဒီသတင်းတင်ထားတဲ့ Website တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူ များစေဖို့သက်သက်နဲ့ သတင်းမှားတွေ ဖန်တီးပြီး Google နဲ့ YouTube က ပြန်ပေးတဲ့ ဝင်ငွေနဲ့ စီးပွားရှာနေကြတဲ့ Website တွေ ဖြစ်တာကို တွေ့ရပါတယ်။
Claim : လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ ထူးအုပ်စု ကုမ္ပဏီပိုင်ရှင် ဦးတေဇကို လက်နက်ပွဲစားမှုနဲ့ ဗြိတိန်နိုင်ငံက ဖမ်းဆီးလိုက်ပြီဆိုအကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
Claimed By : facebook
Fact Check : False
Next Story