BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တောင်သာ NLD ရုံးကို Gen Z တွေ...
သတင်းအတု

တောင်သာ NLD ရုံးကို Gen Z တွေ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ တောင်သာ NLD ရုံး ဖျက်ဆီးခံထားရမှု နဲ့ ပတ်သက်ပြီး သတင်းအမှားတချို့ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2021 2:49 PM IST
  • တောင်သာ NLD ရုံးကို Gen Z တွေ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို "မောင်ပေါ်ဦး" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၂၅ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး အဲ့ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ဗုံးခွဲဖျက်ဆီးခံထားရတဲ့ တောင်သာမြို့နယ်က NLD ရုံးရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ဓါတ်ပုံထဲမှာ အဆိုပါ အဆောက်အဦးဟာ မှန်တွေကွဲကာ ပျက်ဆီးနေပါတယ်။

    အဆိုပါဓါတ်ပုံနဲ့အတူ "တောင်သာမြို့နယ် အကြမ်းဖက်ပါတီ NLD ရုံးမှ အကြမ်းဖက်တာဝန်ခံများသည် GZ လူငယ်များအား ဝေစုခွဲမပေးပဲ အလှူငွေများ ဘတ်ပြေးလို့ GZ များဖျက်ဆီးခဲ့" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၇၀၀ ကျော်ရှိကာ ကူးယူဖော်ပြထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ တောင်သာ NLD ရုံးက တာဝန်ခံက ပိုက်ဆံတွေ ယူပြေးတဲ့အတွက် Gen Z တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ် ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်ကြောင်းတွေ့ရပါတယ်။

    အဆိုပါ NLD ရုံးကို ဩဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ယောက်ခန့် ရောက်လာပြီး သေနတ်နဲ့ အချက် ၁၀၀ ခန့် ပစ်ခတ်သွားတဲ့အပြင် လက်လုပ်ဗုံးလို့ ယူဆရတဲ့ အရာနဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ အဆိုပါ ရုံးအနီးအနားနေသူတွေက RFA သတင်းဌာန ကို ပြောကြားထားပါတယ်။

    RFA သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


    ဖျက်ဆီးခံရတဲ့ရုံးကို စစ်ကောင်စီတပ်တွေက အာဏာသိမ်းပြီးကာစ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိလာပြီး ကွန်ပျူတာ၊ ပရင်တာ၊ မိတ္တူကူးစက်တွေအပါအဝင် အခြားပစ္စည်းတွေ စာရွက်စာတမ်းတွေကို ယူဆောင်သွားပြီး အဆိုပါ ရုံးကို ချိတ်ပိတ်ထားတာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး NLD ၊ NUG ၊ CRPH နဲ့ စစ်အာဏာရှင်ဆန်းကျင်ရေး လှုပ်ရှားနေသူတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတာကို တွေ့ရပါတယ်။


    Tags

    fake newsTaungtha NLD officedestroyedGen ZPDFMilitaryCoupသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ တောင်သာ NLD ရုံးက တာဝန်ခံက ပိုက်ဆံတွေ ယူပြေးတဲ့အတွက် Gen Z တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ် ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!