BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကာလုံအစည်းအဝေး...
သတင်းအတု

ကာလုံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တက်ရောက်မယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ကာလုံအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ တက်ရောက်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2023 10:14 PM IST
  • ကာလုံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တက်ရောက်မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို TopPon News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ “သတင်းထူကြီး ကာလုံအစည်းအဝေး အမေစုနဲ့ သမ္မတတက်ရောက်ခွင့်ရပြီ” လို့ ရေးသားထားပါတယ်။ နောက်ထပ် ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုဖြစ်တဲ့ Krovan Kamsan ဆိုတဲ့ ပေ့ချ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အရေးပေါ်ပါဝင်မည်။ ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ။ ဘယ်သူ့ဖိအားမှ ဂရုမစိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ။ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားတွေကို Like လုပ်ထားသူနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်နဲ့ချီရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလုံအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တက်ရောက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို စတင်သိမ်းယူစဉ်မှာ ၎င်းတို့အဖွဲ့ဝင်ဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလ ၁ နှစ်ကြေညာကာ မင်းအောင်လှိုင်ထံကို အာဏာလွဲပေးခဲ့ပါတယ်။ အဆိုပါ ၁ နှစ် ကုန်ဆုံးတဲ့အခါမှာလည်း ၆ လ နှစ်ကြိမ် သက်တမ်းတိုးပေးထားပါတယ်။ ဇန်နဝါရီလ ကုန်ရင်တော့ ၎င်းတို့ အာဏာထိန်းတယ်လို့ ပြောဆိုနေတဲ့ သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့အခါ ဖွဲ့စည်းပုံအရ မင်းအောင်လှိုင်ရဲ့ သက်တမ်းဟာပြည့်သွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ ဖွဲ့စည်းပုံအရ ပြုလုပ်တာလို့ ပြောဆိုထားတဲ့ ကာလသက်တမ်းဟာလည်း ကုန်ဆုံးသွားမှာဖြစ်တဲ့အတွက် ကာလုံအစည်းအဝေးကို ခေါ်ယူပြီး နောက်ထပ် ခေါင်းစဉ်အသစ်နဲ့ အာဏာဆက်သိမ်းထားမှာပဲ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ Guardian Government ဆိုတဲ့ နာမည်အသစ်တစ်ခုနဲ့ အာဏာဆက်သိမ်းထားမယ်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီခေါင်းဆောင်ရဲ့ ကာလုံအစည်းအဝေးနဲ့ ပတ်သက်တဲ့ BBC ရဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ပါ။

    ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ဟာ ၎င်းရဲ့ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းပြည့်သွားစဉ်ကလည်း ပင်စင်ယူရမယ့် သက်တမ်းတိုးမြင့်တာတွေ၊ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်တယ်ဆိုပြီး ရာထူးသက်တမ်းကို ဆက်ယူခဲ့ပါသေးတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက် ဒီအစည်းအဝေးကို တက်ရောက်ခွင့်မရပါဘူး။ ဒီကာလုံအစည်းအဝေးမှာ လက်ရှိအာဏာသိမ်းအုပ်စုတွေသာ ပါဝင်မှာဖြစ်ပြီး နိုင်ငံတကာကို ဖွဲ့စည်းပုံအရ အာဏာထိန်းထားကြောင်း ပြသဖို့ သက်သက်သာဖြစ်ပါတယ်။ ဒီကာလုံအစည်းအဝေးကြောင့်လည်း အာဏာပြန်လွဲမှာလည်း မဟုတ်ပါဘူး။

    သတင်းအမှားဖြန့်ထားသူတွေ တင်ထားတဲ့ Video တွေမှာ ကာလုံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တက်ရောက်မယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာမပါဝင်ပါဘူး။ Video အတွင်းမှာ Rfa သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ကာလုံအစည်းအဝေးနဲ့ ပတ်သက်တဲ့ သတင်းတွေ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsState CounsellorPresidentTop Security Council MeetingMilitaryCoupစစ်ကောင်စီအာဏာသိမ်းကာလုံအစည်းအဝေးသတင်းအတု
    Read Full Article
    Claim :   ကာလုံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတတက်ရောက်ခွင့်ရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!