BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်ထောက်ခံသူအောင်မင်းက ၂၀၂၀...
သတင်းအတု

စစ်တပ်ထောက်ခံသူအောင်မင်းက ၂၀၂၀ ခုနှစ်ကပုံအဟောင်းနဲ့ သတင်းအမှားဖြန့်

လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ မြေကျင်းတစ်ခုထဲမှာ ဝါးချွန်တွေထောင်ထားတဲ့ပုံဟာလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်မဟုတ်ပဲ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်ကတည်းက လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 May 2022 6:15 PM IST
  • စစ်တပ်ထောက်ခံသူအောင်မင်းက ၂၀၂၀ ခုနှစ်ကပုံအဟောင်းနဲ့ သတင်းအမှားဖြန့်

    ဒီဓ့ါတ်ပုံတွေကို အသုံးပြုပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက PDF တွေက ကျေးရွာတွေ အတွင်းမှာ ရွာသားတွေ ထွက်မပြေးနိုင်အောင် ကျင်းတူးပြီး ဆူးတွေ ထောင်ထားတယ်လို့ လုပ်ကြံရေးသားထားတဲ့သတင်းအမှားတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။

    အဆိုပါ သတင်းအမှားကို စစ်ကောင်စီအတွက်ဝါဒဖြန့်နေတဲ့ Aung Min ရဲံ့ဖေ့စ်ဘွတ်အကောင့်က မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ ဖြန့်ဝေထားပါတယ်။ စစ်တပ်အမာခံအောင်မင်းဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ထဲမှာ "စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့သိရပါတယ်" (မူရင်းရေးသားထားသည့် အတိုင်း) လို့ရေးသားထားပါတယ်။

    ၎င်းရေးသားထားတဲ့ပို့စ်နဲ့အတူ မြေကျင်းတွေထဲ ဝါးချွန်တွေ ထောင်ထားတဲ့ ဓါတ်ပုံသုံးပုံတွဲဖက်ပြီးဖြန့်ဝေထားပါတယ် ။မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါးရှိကာ မှတ်ချက်ရေးသားသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်တွေက ရွာသားတွေ ထွက်မပြေးနိုင်အောင် ကျင်းတွေတူးပြီး ဆူးညှောင့်တွေ ထောင်ထားကာ ကျေးရွာတွေကို မီးရှို့နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီဓါတ်ပုံတွေဟာ စစ်ကိုင်းတိုင်း အတွင်းက ဓါတ်ပုံတွေလည်း မဟုတ်သလို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်စဉ်လည်း မဟုတ်ပါဘူး။ ဒီဓါတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် ဧပြီလက Arakan Army က ထုတ်ပြန်ခဲ့တဲ့ ဝါးချွန်ထောင်ချောက်တွေဖြစ်ကြောင်း တရုတ်မီဒီယာတစ်ချို့မှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။


    အဆိုပါ ဝါးချွန်တွေနဲ့ ပြုလုပ်ထားတဲ့ ထောင်ချောက်အကြောင်းကို ဒီ Link မှာ ဖတ်ပါ။ ဒီသတင်းအမှားဟာ ၂၀၂၀ ခုနှစ်က ပျံ့နှံ့လျက်ရှိတဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး စစ်ကိုင်း PDF တွေနဲ့ သက်ဆိုင်ချင်း မရှိသလိုလက်ရှိဖြစ်စဉ်လည်းမဟုတ်ပါဘူး။


    Tags

    Fake newsSagaing PDFsbamboo stick trapsfleeingArakan ArmyMilitaryCoupသတင်းအတုဝါးချွန်ထောင်ချောက်စစ်ကိုင်း PDF
    Read Full Article
    Claim :   စစ်ကိုင်း PDF က ကျေးရွာသားတွေ ထွက်မပြေးနိုင်အောင် ကျင်းတူးပြီး ဝါးချွန်ထောင်ချောက်တွေ ထောင်ထား
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!