BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်း ရေမြုပ်ပြီး...
သတင်းအတု

စစ်ကိုင်းတိုင်း ရေမြုပ်ပြီး မုန်တိုင်းဝင်ရောက်တော့မယ်ဆိုတဲ့ သတင်းအတု

ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်း ရေမြုပ်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ကို သတင်းအမှားဖြန့်တဲ့ အကောင့်တွေနဲ့ Youtube Channel တွေကနေ ဖြန့်ဝေလျက်ရှိကြပါတယ်။

By - Boom Live Myanmar |
Published -  15 Aug 2022 6:49 PM IST
  • စစ်ကိုင်းတိုင်း ရေမြုပ်ပြီး မုန်တိုင်းဝင်ရောက်တော့မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဩဂုတ်လ ၁၄ ရက်က လူမှုကွန်ယက်ပေါ် စတင်ဖြန့်ဝေထားတာဖြစ်ပြီး ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာ Website တစ်ခုရဲ့ Link ကို ကူးယူဖော်ပြပြီး "ဒီညမုန်တိုင်းကြမ်းပါမယ်။ စစ်ကိုင်းတိုင်းတော့မြုပ်သွားပြီ။အရမ်းအရေးကြီးတဲ့မုန်တိုင်းသတင်း" လို့ ရေးသားထားပါတယ်။ ၎င်းတို့ မျှဝေထားတဲ့ Website link ထဲမှာတော့ စစ်ကိုင်းတိုင်းဆိုတဲ့ ဆိုင်းဘုတ်ရေအောက်မြုပ်နေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး အဆိုပါ ဓါတ်ပုံအပေါ်မှာ "စစ်ကိုင်းတိုင်းတော့ မြုပ်ပြီ။ ဒီညမုန်တိုင်း လာပါမယ်။ အရမ်းအရေးကြီးလို့ ခန ခန ကြေငြာ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း website ရဲ့ အတွင်းမှာတော့ စစ်ကိုင်းတိုင်း ရေမြုပ်သွားပြီလို့ ခေါင်းစဉ်တပ်ထားတဲ့ ၃ မိနစ်ကျော်ကြာမြင့်တဲ့ YouTube Video တစ်ပုဒ် တင်ထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ ဖြန့်ဝေနေကြပြီး YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှု့သူ ၇ သောင်း နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်း ရေကြီးပြီး နစ်မြုပ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက မြို့နယ်တစ်ချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပေမယ့် စစ်ကိုင်းတိုင်းဟာ ရေနစ်မြုပ်နေခြင်း မရှိပါဘူး။ လက်ရှိ ဩဂုတ်လ ၁၅ ရက်ဝန်းကျင်ခန့်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းခရိုင်ဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်မြို့တွေမှာ တောင်ကျချောင်းရေကြောင့် ရေကြီးမှုတွေ ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပြီး၊ မွန်ပြည်နယ် ရေးမြို့မှာလည်း ရေအနည်းငယ် တက်နေပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းကတော့ ရေနှစ်မြုပ်နေခြင်း မရှိပါဘူး။ ၎င်းတို့ သတင်းပြုလုပ်ရာမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ၂၀၁၅ ခုနှစ်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရေကြီးစဉ်က ရိုက်ကူးထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။ ၂၀၁၅ စစ်ကိုင်း ရေကြီးစဉ်က ဓါတ်ပုံတွေကို ဒီနေရာ မှာ ကြည့်ပါ။


    သတင်းအမှားတင်တဲ့ သူတွေက စစ်ကိုင်းတိုင်း ရေမြုပ်နေပြီလို့ ရေးသားထားပေမယ့် ၎င်းတို့တင်ထားတဲ့ YouTube သတင်း Video ထဲမှာ မုန်တိုင်းငယ် Depression ဝင်ရောက်နိုင်ကြောင်း သတိပေးထားတဲ့ အကြောင်းအရာတွေသာ ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်း ရေမြုပ်နေပြီဆိုတာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်တဲ့အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတာကို တွေ့ရပြီး ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်ကနေ ပိုက်ဆံပြန်ရတဲ့ Clickbiats သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။


    Tags

    Fake newsfloodingClimate changestormHeavy rainသတင်းအတုရေကြီး ရေလျှံမုန်တိုင်း
    Read Full Article
    Claim :   ဒီညမုန်တိုင်းကြမ်းပါမယ်။ စစ်ကိုင်းတိုင်းတော့မြုပ်သွားပြီ။
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!