BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA ရဲ့ တပ်စခန်းတွေကို RSO၊ ARSA နဲ့...
သတင်းအတု

AA ရဲ့ တပ်စခန်းတွေကို RSO၊ ARSA နဲ့ ARA တို့က သိမ်းယူနေတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ်မှာ AA ရဲ့ တပ်စခန်းတွေကို RSO၊ ARSA နဲ့ ARA တို့က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Aug 2024 12:47 PM IST
  • AA ရဲ့ တပ်စခန်းတွေကို RSO၊ ARSA နဲ့ ARA တို့က သိမ်းယူနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြာတာဖြစ်ပြီး သတင်းအမှားထဲမှာ “မောင်တောမြောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်(AA) အဖွဲ့က ခြေကုပ်ယူထားတဲ့ စခန်းတစ်ခုပြီးတစ်ခု ရိုဟင်ဂျာတပ်မတော်(ARSA ၊RSO၊ARA) အဖွဲ့တွေ က သိမ်းပိုက်လာနေတယ်လို့ သိရပါတယ်။ မကြာခင် ဘူးသီးတောင်ကိုလည်း သိမ်းပိုက်မယ့်လို့ ရိုဟင်ဂျာတပ်မတော်တွေက ပြော” (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရခိုင်ပြည်နယ် မောင်တောမှာ ARSA ၊ RSO နဲ့ ARA စတဲ့အဖွဲ့တွေက အာရက္ခတပ်တော် AA ရဲ့ တပ်စခန်းတွေ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ စခန်းပေါင်းများစွာကို AA က သိမ်းပိုက်ထားနိုင်ပြီး မောင်တောမြို့ကိုလည်း AA က သိမ်းပိုက်ဖို့ ပြင်ဆင်နေပါတယ်။ ARSA၊ RSO ၊ ARA စတဲ့အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းတာ AA နဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ၎င်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနည်းတူ AA နဲ့ တိုက်ပွဲဖြစ်တိုင်း စခန်းသိမ်းခံရတာ၊ ဖမ်းဆီးခံရတာ၊ သတ်ခံရတာတွေရှိနေပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ မည်သည့်အဖွဲ့ကမှ AA ကို အနိုင်ရအောင် တိုက်ခိုက်နိုင်ခြင်း AA ရဲ့ စခန်ါ်တွေ သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံတွေက စစ်ရှုံးနေတဲ့အတွက် ဝါဒဖြန့် သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyRSOARSAARARakhine Stateစစ်ကောင်စီအာဏာသိမ်းသတင်းအတု
    Read Full Article
    Claim :   AA ရဲ့ တပ်စခန်းတွေကို RSO၊ ARSA နဲ့ ARA တို့က သိမ်းယူနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!